Connect with us

China

ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် တုန်းချွန်းကျေးရွာလေးက “လစ်လပ်နေရာများ” ဖြင့် ခရီးသွား-နေထိုင်မှု လုပ်ငန်းပုံစံသစ်အဖြစ် ဆန်းသစ်ဖော်ဆောင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် တုန်းချွန်းရပ်ရွာတွင် ညမီးပုံပွဲပါဝင်နေကြသူများအား ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆုန်းမင်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် ဆုန်းယန်လမ်း တုန်းချွန်းကျေးရွာသည် တစ်ချိန်က ပြည်နယ်အဆင့် ဆင်းရဲနွမ်းပါးသည့်ကျေးလက်ဒေသဖြစ်ခဲ့ရာ အချိန်အတိုင်းအတာတစ်ခုအထိ အရင်းအမြစ်များ လစ်လပ်နေခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မှုခက်ခဲခြင်း စသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုနှစ်များတွင်မူ ဒေသန္တရက “ရပ်ရွာ+ကုမ္ပဏီလုပ်ငန်း+တောင်သူများ” ပုံစံဖြင့် အားလပ်နေသည့် လယ်မြေနေအိမ်၊ ကျောင်းအဆောင် စသည်တို့ကို ပြန်လည်အားသစ်လောင်းပြီး ခရီးသွား-နေထိုင်မှု လုပ်ငန်းပုံစံသစ်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့သည်။ ရပ်ရွာက ဈေးကွက်အခြေပြုအဖွဲ့အစည်းများအား ဖိတ်ခေါ်၍ အသုံးမပြုဘဲ လစ်လပ်နေသည့် အိမ်ဟောင်းများကို မူလလက်ရာမပျက် မွမ်းမံမှုဖြင့် နေအိမ်တည်းခိုခန်းများအဖြစ် ဖန်တီးခဲ့သလို လစ်လပ်နေသည့် အဆောက်အဦများကို ကဏ္ဍစုံလင်စွာပါဝင်သည့် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွား ဘက်စုံ ပေါင်းစည်းပါဝင်သော အဆောက်အဦအဖြစ် တည်ဆောက်ခဲ့သည်။ ထိုသို့အားဖြင့် “နစ်မြုပ်နေသည့်အရင်းအမြစ်များ” က ကျေးလက်ခရီးသွားနေထိုင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေသည့် အဓိက ဆောင်ကြဉ်းရာ ဖြစ်စေခဲ့ရာ စားသောက်စရာ၊ နေထိုင်တည်းခိုရာ၊ စာပေယဉ်ကျေးမှုဖန်တီးရာ၊ သုတေသနပြုလေ့လာရာ၊ ပြန်လည်ကျန်းမာသန်စွမ်းရေးအတွက် အပန်းဖြေနားခိုရာ စသည့် ကဏ္ဍစုံ ဟန်ချက်ညီညီတိုးတက်သည့် လုပ်ငန်းဂေဟစနစ် ဖြစ်တည်လာသည်။
၂၀၂၅ ခုနှစ်တွင် တုန်းချွန်းရပ်ရွာလေးသည် ပထမအသုတ် “ယူနန်တွင် ခရီးသွား-နေထိုင်မှု” အရည်အသွေးမြင့်တိုးတက်ရေး၏ ရှေ့ပြေးနေရာအဖြစ် ရွေးချယ်ခံခဲ့ရပေသည်။ (Xinhua)

——————
(Chinese Version)
云南嵩明东村:巧做“闲置文章” 发展旅居新业态
新华社照片,嵩明(云南),2026年3月27日
云南省嵩明县嵩阳街道东村社区曾是省级贫困村,一度面临资源闲置、产业发展困难等困境。 近年来,当地以“社区+公司+农户”模式盘活闲置的农房、校舍等,发展旅居新业态。社区引入了市场主体对闲置房屋“修旧如旧”打造民宿,把闲置建筑改建为涵盖多元业态的农文旅综合体,让“沉睡资源”成为乡村旅居发展的重要载体,形成了餐饮、住宿、文创、研学、康养等多业态并进的产业生态。 2025年,东村社区入选首批“旅居云南”高质量发展试点。
1. 3月26日,人们在东村社区参加篝火晚会(无人机照片)。新华社记者 彭奕凯 摄