China
ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံအောင် ဘက်ပေါင်းစုံက အတူတကွ ပြုပြင်ပြောင်းလဲရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း
ဂျီနီဗာ၊ မတ် ၄ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံအောင် ဘက်ပေါင်းစုံက အတူတကွ ပြုပြင်ပြောင်းလဲရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်က မတ် ၂ ရက် တွင် ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ယခုနှစ်သည် လူ့အခွင့်အရေးကောင်စီ တည်ထောင်သည့် နှစ် ၂၀ ပြည့် ဖြစ်သလို “ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေး ကြေညာချက်” အား အတည်ပြုခဲ့သည့် နှစ် ၄၀ ပြည့်လည်း ဖြစ်ကြောင်း၊ သို့သော် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ ဟူသော ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် တွန်းလှန်ခံနေရသလို နိုင်ငံတကာလူ့အခွင့်အရေးလုပ်ငန်းသည် ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကျာကွေ့သယ်က ထောက်ပြပြောကြားခဲ့သည်။
လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေသည် အထူးသဖြင့် စိုးရိမ်ဖွယ်ကောင်းကြောင်း၊ ယခုအချိန်အခါတွင် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ပို၍ ကာကွယ်သင့်ကြောင်း၊ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး ဟူသော မဏ္ဍိုင်သုံးရပ်လုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ တွန်းအားပေးဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲရန်နှင့် ကောင်းမွန်ပြည့်စုံအောင်စေရန် အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ၌ ပါရှိသော လူ့အခွင့်အရေးအနှစ်သာရကို လက်ကိုင်ထားကာ လုံခြုံရေးဖြင့် လူ့အခွင့်အရေးကို ကာကွယ်ရန်၊ လူ့အခွင့်အရေးဖော်ဆောင်မှုအတွက် အေးချမ်းသည့်ပတ်ဝန်းကျင်ကို ဖန်တီးရန်၊ ပြည်သူ ဗဟိုပြုမှုအား ခိုင်မာစွာလက်ကိုင်ထားကာ လူ့အခွင့်အရေးအမျိုးမျိုးကို ဟန်ချက်ညီစွာ တိုးတက်ရေး ဆောင်ရွက်ရန်၊ တန်းတူညီမျှ လူ့အခွင့်အရေးမြှင့်တင်မှုအား ခိုင်မာစွာ လက်ကိုင်ထားကာ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုကို စွန့်လွှတ်ရန် တိုက်တွန်းလိုကြောင်း ကျာကွေ့တယ်က အလေးထားပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ် ဖြစ်ပြီး တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီး နှစ်ရပ်သည်လည်း မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လုပ်ငန်းစဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်မည် ဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ အသီးအပွင့်များဖြင့် ပြည်သူတစ်ရပ်လုံးအတွက် ပိုမိုအကျိုးပြုမည် ဖြစ်ကြောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးလုပ်ငန်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအသီးသီးနှင့် အတူတကွ မြှင့်တင်ဆောင်ရွက်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
中国代表呼吁各方共同改革完善全球人权治理
新华社日内瓦3月3日电 中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德2日在联合国人权理事会第61届会议上发言,呼吁各方共同改革完善全球人权治理。
贾桂德指出,今年是人权理事会成立20周年,也是《发展权利宣言》通过40周年。然而单边主义、保护主义、霸权主义逆流涌动,多边主义遭遇逆风,国际人权事业面临严峻挑战。当前中东局势尤其令人担忧。在此时刻,更应捍卫以联合国为核心的多边体系,平衡推进联合国和平与安全、发展、人权三大支柱工作,坚持改革和完善全球人权治理。
贾桂德强调,中方愿秉持全球治理倡议所蕴含的人权意涵,呼吁各方坚持以安全守护人权,为实现人权创造安宁环境;坚持以人民为中心,平衡发展各类人权;坚持以平等促进人权,摒弃政治对抗。今年是中国“十五五”开局之年,全国两会即将开幕。中国将不断发展全过程人民民主,让中国式现代化成果更多惠及全体人民,愿同各国共同促进国际人权事业健康发展,携手构建人类命运共同体。(完)
1. 这是3月2日在瑞士日内瓦万国宫拍摄的联合国人权理事会第61届会议现场。新华社记者 王露 摄
