Connect with us

China

ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်ရှိ သမ္မတရုံးအနီးတစ်ဝိုက်တွင် ဆန္ဒပြနေသော ပြည်သူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၃ ရက်တွင် ဖြေကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ထရမ့်က “Truth Social” တွင် ပို့စ်တင်၍ အမေရိကန်သည် ဗင်နီဇွဲလားနှင့် ၎င်း၏ခေါင်းဆောင် မာဒူရိုအပေါ် အကြီးစား တိုက်ခိုက်ရေး လှုပ်ရှားမှုအား အောင်မြင်စွာလုပ်ဆောင်ခဲ့ရာ မာဒူရိုနှင့် ၎င်း၏ဇနီးသည် ထိန်းချုပ်ခံရပြီး ပြည်ပသို့ ပို့ဆောင်ခံရသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်က အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအပေါ် ကြမ်းတမ်းစွာ လက်နက်အင်အားအသုံးပြုပြီး နိုင်ငံတစ်နိုင်ငံ၏ သမ္မတအပေါ် ထိပါးခြင်းအား များစွာ တုန်လှုပ်အံ့အားသင့်ရကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

အမေရိကန်၏ ထိုကဲ့သို့ ဗိုလ်ကျကြီးစိုးသည့်လုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာချိုးဖောက်နေပြီး ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာအား ထိပါးကာ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကိုခြိမ်းခြောက်နေရာ တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း၊ အမေရိကန်ဘက်က နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာရန်၊ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာလုံခြုံမှုအား ထိပါးချိုးဖောက်ခြင်းကို ရပ်တန့်ရန် မိမိတို့ တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အယ်လ်ဆာဗေးဒိုးနိုင်ငံ မြို့တော်ဆန်ဆာဗေးဒိုး၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
外交部发言人就美国对委内瑞拉实施军事打击答记者问
新华社北京1月3日电 外交部发言人3日就美国对委内瑞拉实施军事打击答记者问。
有记者问:据报道,美国对委内瑞拉实施军事打击。特朗普在“真实社交”发文称,美国已成功对委内瑞拉及其领导人马杜罗实施大规模打击行动,马杜罗及其夫人已被控制并移送出境。中方对此有何评论?
发言人说,中方对美方悍然对一个主权国家使用武力并对一国总统动手深表震惊,予以强烈谴责。美方的这种霸权行径,严重违反国际法,侵犯委内瑞拉主权,威胁拉美和加勒比地区和平与安全,中方坚决反对。我们敦促美方遵守国际法及联合国宪章宗旨和原则,停止侵犯别国的主权安全。(完)
1、1月3日,民众在委内瑞拉首都加拉加斯的总统府附近抗议。新华社发
2、1月3日,在萨尔瓦多首都圣萨尔瓦多,民众参加示威活动。新华社发(亚历山大•培尼亚摄)