China
ဝမ်ရိနှင့် ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂ ရက်တွင် ဖိတ်ကြားချက်အရ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ၊ ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာတွင် Abdullatif bin Rashid Al Zayani က အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ဘာရိန်းဘက် ရပ်တည်ချက်အား မိတ်ဆက်ပြောကြားခဲ့ပြီး လက်ရှိ ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ လုံခြုံရေးသည် ဆိုးရွားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကာ ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှုမှာ တားဆီးခံရကြောင်း၊ ဘာရိန်းဘက်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတစ်ဆင့် အခန်းကဏ္ဍမှပါဝင်ကာ ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှု ပြဿနာအား ဖြေရှင်းလိုကြောင်း၊ ဘာရိန်းဘက်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှု မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ကျူးကျော်မှုအား ကန့်ကွက်သော၊ ငြိမ်းချမ်းမှုအား အဆိုပြုသော အခြေခံမူရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နှင့် ပါကစ္စတန်တို့သည် လတ်တလောကာလတွင် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေး အဆိုပြုချက်ငါးရပ်ကို ထုတ်ပြန်ခဲ့ရာ ၎င်းအနက် အရပ်သားပြည်သူနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန်၊ ဟော်မုဇ်ရေလက်ကြား ဘေးကင်းလုံခြုံမှုအား အာမခံပေးရန်၊ ပုံမှန်ရေကြောင်းဖြတ်သန်းသွားလာမှု ပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းခြင်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ တူညီသောတိုက်တွန်းသံဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လှုပ်ရှားမှုသည် အခြေအနေအား အရှိန်လျော့လာစေရန်၊ စစ်ပွဲရပ်တန့်၍ ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် အထောက်အကူပြုသင့်ကြောင်း၊ တရားမဝင်စစ်ပွဲလုပ်ရပ်အတွက် ထောက်ခံအားပေး၍မရသလို မီးလောင်ရာလေပင့်ခြင်းလည်း ပို၍ပင်မလုပ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် ဘာရိန်းနိုင်ငံနှင့်အတူ စစ်မီးများပြေငြိမ်းသွားရန်၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် တွန်းအားပေး၍ ဒေသတွင်း ရေရှည်တည်ငြိမ်မှုဖော်ဆောင်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အထူးသဖြင့် အလတ်စားနှင့် အသေးစားနိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
王毅同巴林外交大臣扎耶尼通电话
新华社北京4月2日电 4月2日,中共中央政治局委员、外交部长王毅应约同海湾合作委员会轮值主席、巴林外交大臣扎耶尼通电话。
扎耶尼介绍了中东局势最新进展和巴方立场,表示当前海湾国家安全面临严峻挑战,霍尔木兹海峡航行受阻,巴方愿通过联合国安理会发挥作用,解决海峡通航问题。巴方希同中方加强沟通协调。
王毅阐明了中方反对侵略、倡导和平的原则立场。表示中国和巴基斯坦最近发表恢复海湾和中东地区和平稳定五点倡议,其中就包含呼吁停止对平民和非军事目标攻击、确保霍尔木兹海峡安全、恢复正常通航等内容。停火止战是国际社会共同呼声。联合国安理会的行动应有助于缓和局势,止战复谈,而不能为非法战争行为背书,更不能火上浇油。中国作为安理会常任理事国和负责任大国,愿同巴方一道推动平息战火、恢复和平,实现地区持久稳定,维护全球南方国家尤其是中小国家的正当权益。(完)
