China
ဝမ်ရိနှင့် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud နှင့် ဧပြီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
Faisal bin Farhan Al Saud က အရှေ့အလယ်ပိုင်းဒေသ အခြေအနေ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို မိတ်ဆက်ပြောကြားခဲ့ရာ အီရန်စစ်ပွဲက ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံအသီးသီးအပေါ် ပြင်းထန်သည့် ရိုက်ခတ်မှု ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံက အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်မှုအပေါ် အလေးထားသလို ဆော်ဒီအာရေဗျ-တရုတ် အဆင့်မြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ စသည့် ပလက်ဖောင်းများတွင် ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်ကာ စစ်ပွဲပြေငြိမ်းရေး၊ ပဋိပက္ခအဆုံးသတ်ရေးကို အတူတကွ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက အီရန်စစ်ပွဲတစ်လကျော် ကြာမြင့်လာခြင်းသည် လူပုဂ္ဂိုလ်သေဆုံးဒဏ်ရာရမှုနှင့် ထိခိုက်ဆုံးရှုံးများ ကြီးမားစွာ ဖြစ်ပေါ်စေသလို ဆော်ဒီအာရေဗျ စသည့် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရိုက်ခတ်စေရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အနေဖြင့် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ အဆိုပြုချက် ၅ ချက်ကို မကြာသေးမီက အတူတကွ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းတို့တွင် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ အရပ်သားနှင့် စစ်ဘက်ဆိုင်ရာမဟုတ်သော ပစ်မှတ်များအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်၊ ရေကြောင်းလုံခြုံရေးကို သေချာစေရန် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု ပြဿနာသည် ယခုစစ်ပွဲ ပြင်ပသို့ ယိုလျှံလာခြင်း၏ ဖော်ပြမှုဖြစ်ကြောင်း၊ စစ်ပွဲမရပ်စဲပါက ပင်လယ်ကွေ့ဒေသမှာ အေးချမ်းရန် ခဲယဉ်းလှကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရေးကို အမြန်ဆုံးဖော်ဆောင်ရန် အားစိုက်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လှုပ်ရှားမှုမှာ ထိပ်တိုက်ရင်ဆိုင်မှုများ အရှိန်မြင့်တက်စေခြင်းကို ရှောင်ရှားရမည် ဖြစ်ကြောင်း၊ အခွင့်အာဏာပေးအပ်ထားခြင်းမရှိသည့် စစ်ရေးလှုပ်ရှားမှုကို တရားဝင်အသွင်ပြောင်း၍ မရကြောင်း၊ သို့မဟုတ်ပါက နောက်ဆက်တွဲဆိုးကျိုးများ အဆုံးမရှိ ဖြစ်နိုင်ရာ အလယ်အလတ်နိုင်ငံနှင့် နိုင်ငံငယ်များသည် ရိုက်ခတ်မှုဒဏ်ကို ထိပ်ဆုံးမှ ခံစားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၏ ရင်ကြားစေ့ရေးနှင့် စစ်ပွဲရပ်တန့်ရေး အားထုတ်မှုများအပေါ် တန်ဖိုးထားကြောင်း၊ ဆော်ဒီအာရဗျနိုင်ငံနှင့်အတူ ဒေသတွင်း ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
王毅同沙特外交大臣费萨尔通电话
新华社北京4月2日电 中共中央政治局委员、外交部长王毅2日应约同沙特外交大臣费萨尔通电话。
费萨尔介绍了中东局势最新进展,表示伊朗战事给地区和世界各国造成严重影响。沙方重视中方在国际事务中发挥的重要作用,珍视沙中高水平战略合作,希同中方加强在联合国等平台沟通协调,共同推动战事降温,结束冲突。
王毅表示,伊朗战事延宕月余,造成巨大人员伤亡和损失,冲击沙特等海湾国家安全稳定,中方对此表示关切。中国和巴基斯坦不久前共同发表了关于恢复海湾和中东地区和平稳定的五点倡议,就包括维护海湾国家主权和安全、停止针对平民和非军事目标的攻击、保障航道安全等内容。霍尔木兹海峡通行问题是这场战事的外溢表现。战事不停,海峡难安。当务之急是聚焦尽快停火止战。联合国安理会的行动要避免对抗升级,不能让未经授权的军事行动合法化,否则将后患无穷,中小国家尤将首当其冲。中方赞赏沙方致力于促和止战,愿同沙方一道为早日恢复地区和平作出努力。(完)
1.3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。新华社记者 王曦 摄
