Connect with us

China

ရာသီဥတုသာယာသော ချင်းမင်ပွဲတော်ချိန်ခါတွင် ပျော်ကြည်နူးစွာ လည်ပတ်နေကြသူများ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ တူးမြောင်းကွေ့ ရှုခင်းသာ၌ နေဝင်ဆည်းဆာချိန်အား ရှုစားနေသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
မိုးသားကြည်လင်ရာသီချိန် (ချင်းမင်) သည် တရုတ်နိုင်ငံ၏ ရာသီချိန် ၂၄ ခုအနက် ပဉ္စမမြောက် ရာသီချိန်ဖြစ်သလို တရုတ်နိုင်ငံ၏ အစိုးရရုံးပိတ်ရက်လည်းဖြစ်ရာ ယေဘုယျအားဖြင့် နှစ်စဉ် ဧပြီလ ၅ ရက် ဝန်းကျင်တွင် ဖြစ်သည်။ မိုးသားကြည်လင်ရာသီချိန်တွင် တရုတ်နိုင်ငံ၏ဒေသအများစု၌ နွေဦးရာသီကာလ နွေးထွေးသော ရာသီဥတုကြောင့် ပန်းများပွင့်လန်းကာ ကျေးငှက်ကလေးများနှင့် လိပ်ပြာလေးများ ပျံဝဲနေကြသဖြင့် ခရီးသွားလည်ပတ်ရန် ရာသီချိန်ပင်ဖြစ်သည်။
မြောက်စုန့်မင်းဆက်ခေတ် နီယိုကွန်ဖြူးရှပ်ဝါဒပညာရှင် ချိန်ဟောက် ရေးဖွဲ့သော ကဗျာစာသား “ချင်းမင်ရာသီ၊ သာယာကြည်၊ ပျော်ညီလျှောက်လည်၊ လမ်းပျော်ရည်၊ အိမ်ပြန်မမှတ်၊ မေ့လျော့တတ်” တွင် လူအများက အိမ်တံခါးအပြင်ထွက်ကာ သာယာလှပသော နွေဦးရာသီရှုခင်းအား ခံစားကြသည်ကို ဖော်ကျူးထားသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ချန်ဆူ‌မြို့ ကျုံးနံဘေးရှိ ကမ်းနားတွင် ပန်းရှုစားနေသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိုးဖိန်မြို့ လျင်ချီမြို့နယ်တွင် ပန်းရှုစားရင်း လာရောက်လည်ပတ်နေသော ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ခရီးသွားများကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
诗意中国丨况是清明好天气 不妨游衍莫忘归
新华社照片,北京,2026年4月5日
清明,是二十四节气中的第五个节气,也是我国的法定节日,一般在每年的4月5日前后。清明时节,我国大部分地区春暖花开、莺飞蝶舞,正是踏青出游之时。北宋理学家程颢的诗句“况是清明好天气,不妨游衍莫忘归”描绘了人们纷纷走出家门,享受美好春光的景象。
1、4月4日,游客在江苏扬州运河三湾风景区欣赏落日(无人机照片)。新华社发(齐立广摄)
2、4月5日,人们在江苏省常熟市的护城河畔赏花(无人机照片)。新华社发(杨素平摄)
3、3月31日,身着传统服饰的游客在山东省邹平市临池镇赏花游玩。新华社发(董乃德摄)