Connect with us

China

ဆွစ်ဇာလန်နိုင်ငံ Valais Canton ပြည်နယ် မီးလောင်ကျွမ်းမှုအတွက် ရှီကျင့်ဖိန်က ဆွစ်ဇာလန် ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ Guy Parmelin ထံ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆွစ်ဇာလန်နိုင်ငံ Valais Canton ပြည်နယ် မီးလောင်ကျွမ်းမှုအတွက် ဆွစ်ဇာလန် ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ Guy Parmelin ထံ နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ဇန်နဝါရီ ၄ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က Valais Canton ပြည်နယ် Crans-Montana မြို့၌ ကံမကောင်းစွာ ပြင်းထန်သော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ ကြီးမားသော လူထိခိုက်သေဆုံးမှုများရှိခဲ့သည်ကို အံ့အားသင့်ဖွယ် ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံပြည်သူများကိုယ်စား မီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့သူများအပေါ် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ ဆောလျင်စွာ ပြန်လည်ကျန်းမာကောင်းမွန်လာစေရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
习近平就瑞士瓦莱州火灾事件向瑞士联邦主席帕姆兰致慰问电
新华社北京1月4日电 1月4日,国家主席习近平就瑞士瓦莱州火灾事件向瑞士联邦主席帕姆兰致慰问电。
习近平表示,惊悉瑞士瓦莱州克朗-蒙大拿镇不幸发生一起严重火灾,造成重大人员伤亡。我谨代表中国政府和中国人民,对遇难者表示深切哀悼,向遇难者家属致以诚挚慰问。祝愿伤者早日康复。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.