Connect with us

China

တရုတ်နိုင်ငံ ရထားစီးခရီးသည်ခရီးစဥ် ဇန်နဝါရီမှ သြဂုတ်အတွင်း စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ဟုန်ချောင်ရထားဘူတာရုံခန်းမတွင် စောင့်ဆိုင်းနေသော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မေ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ယခုနှစ်ဇန်နဝါရီမှသြဂုတ်လ ကာလအတွင်းတွင် တရုတ်နိုင်ငံ၏ မီးရထားလုပ်ငန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ရထားစီးခရီးသည်ခရီးစဥ် အများဆုံးစံချိန်တင်ခဲ့ကြောင်း အမျိုးသားရထားလုပ်ငန်းက စက်တင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း ရထားစီးခရီးသည်ခရီးစဥ် စုစုပေါင်း ၃.၂ ဘီလီယံ ပို့ဆောင်ခဲ့ရပြီး ယမန်နှစ်ကထက် ၆.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း China State Railway Group က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း နေ့စဥ် ပျမ်းမျှရထားအစင်းပေါင်း ၁၁,၁၂၇ စင်း ပြေးဆွဲခဲ့ပြီး ယမန်နှစ် အလားတူကာလ ထက် ၇.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုသည်လည်း အဆိုပါကာလတွင် တည်တည်ငြိမ်ငြိမ်လည်ပတ် နိုင်ခဲ့သည်။ ကွမ်ကျိုး-ဆန်းကျန့်-ဟောင်ကောင် အမြန်ရထားလမ်းတွင် ရထားစီးခရီးသည်ခရီးစဥ်ပေါင်း ၂၁.၁၅ သန်းနီးပါး စံချိန်တင်သွားလာနိုင်ခဲ့ပြီး တရုတ်-လာအို ရထားလမ်းတွင် ခရီးစဥ်ပေါင်း ၁၇၄,၀၀၀ ခု ကိုင်တွယ်လုပ်ဆောင်နိုင်ခဲ့သည်။
ကြီးထွားလာသော ခရီးသွားစျေးကွက်တောင်းဆိုမှုကို ဖြည့်ဆည်းရန် ရထားလမ်းတာဝန်ရှိသူများမှ ခရီးသွားဧည့်သည်များအတွက် အားလပ်ရက်ခရီးစဥ်များနှင့် ပညာရေးခရီးစဥ်များအတွက် အထူးရထားခရီးစဥ်များ ဒီဇိုင်းဆွဲလုပ်ဆောင်ခဲ့သည်။
ယခု ၈ လအတွင်း ခရီးသွားဧည်သည့်အထူးရထား ၁,၅၅၁ စင်း ပြေးဆွဲခဲ့ပြီး ယမန်နှစ်ကထက် ၂၆.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ခရီးသွားလုပ်ငန်းကို အားကောင်းစွာ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China’s railway passenger trips hit new high during Jan-Aug
BEIJING, Sept. 17 (Xinhua) — China’s railways recorded a historic high in terms of passenger trips during the January-August period this year, the national railway operator said Wednesday.
A total of 3.2 billion passenger trips were made during this period, marking a 6.7-percent increase year on year, according to data provided by China State Railway Group Co., Ltd.
During the period, an average of 11,127 trains were operated daily, up 7.7 percent compared to a year earlier.
Cross-border railway services also operated steadily during is period. The Guangzhou-Shenzhen-Hong Kong high-speed railway recorded nearly 21.15 million passenger trips, while the China-Laos Railway handled 174,000 trips.
To cater for growing market demand for tourism, wellness retreats and educational trips, railway authorities have designed specialized train routes for tourists.
A total of 1,551 specialized tourist trains were operated during this 8-month period, up 26.1 percent year on year — thereby providing strong support for the tourism sector.
Photo : Passengers are seen at the waiting hall of Shanghai Hongqiao Railway Station in east China’s Shanghai, May 1, 2024. (Xinhua/Wang Xiang)