China
ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများကို တိုက်ဖျက်ရန် နိုင်ငံတကာမဟာမိတ်အဖွဲ့ ဖွဲ့စည်းရေး တရုတ်ရဲတပ်ဖွဲ့ အဆိုပြု

နန်ကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် နိုင်ငံတကာမဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်ရန် စက်တင်ဘာ ၁၈ ရက်၌ အဆိုပြုခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ဆိုင်ရာ ၂၀၂၅ ခုနှစ် ညှိနှိုင်းဆွေးနွေးပွဲ၏ ဖိုရမ်ခွဲ၌ ယင်းအဆိုပြုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများသည် အားကောင်းသော နိုင်ငံတကာဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုယန္တရားများနှင့် ခိုင်မာသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တို့ကို လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအဖြစ် ပြောင်းလဲလာကြောင်း ၎င်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အဆိုပါဖိုရမ်ခွဲ၌ ပြောကြားခဲ့သည်။
ထိုအဆိုပြုချက်သည် ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုများကို ညှိနှိုင်းဆောင်ရွက်မှုနှင့် ကျယ်ပြန့်စွာပါဝင်မှုလက္ခဏာတို့ဖြင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံတကာချဉ်းကပ်မှုအသစ်တစ်ရပ်ကို ထူထောင်ရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထင်ရှားစေကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။
စပိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား အပါအဝင် နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နိုင်ငံသည် သိသာထင်ရှားသော ရလဒ်များ ရရှိနေပြီဖြစ်သည်။ ထိုကြိုးပမ်းမှုများကြောင့် ပြည်ပနိုင်ငံများ၌ လိမ်လည်မှုသံသယရှိသူ ၆၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
အဆိုပါ ဖိုရမ်ခွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၀ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများနှင့် ကျွမ်းကျင်သူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။ ၎င်းတို့သည် ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်နှိမ်နင်းရေး အဆိုပြုချက်တစ်ရပ်ကို အတူတကွထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Chinese police proposes international alliance to counter telecom, cyber fraud
NANJING, Sept. 18 (Xinhua) — China’s Ministry of Public Security on Thursday proposed the establishment of an international alliance to combat telecom and cyber fraud.
The initiative was put forward at a sub-forum of the 2025 Conference of Global Public Security Cooperation Forum, held in the city of Lianyungang in east China’s Jiangsu Province from Tuesday to Thursday.
A senior official from the ministry said at the sub-forum that telecom and cyber fraud have evolved into a global challenge — requiring strengthened international law enforcement cooperation, improved collaborative mechanisms, and a robust global governance system.
This proposal underscores China’s commitment to founding a new international approach for addressing telecom and cyber fraud crimes, characterized by coordination and broad participation, the official said.
China has already achieved significant results through cross-border law enforcement cooperation with countries including Spain, the United Arab Emirates, Myanmar, Indonesia, the Philippines, Laos, Thailand and Cambodia. These efforts led to the capture of 68,000 fraud suspects overseas — who were then repatriated to China.
The sub-forum attracted about 100 policemen, officials and experts from 30 countries and regions as well as international organizations. They jointly issued a proposal for combined combat endeavors against telecom and cyber fraud. ■
English Caption
Chinese State Councilor and Minister of Public Security Wang Xiaohong poses for a group photo with guests prior to the opening ceremony of the 2025 Conference of Global Public Security Cooperation Forum in Lianyungang, east China’s Jiangsu Province, Sept. 17, 2025. (Photo by Liu Zhenrui/Xinhua)