Connect with us

North America

ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခံနေရကြောင်းအဲယားဘတ်(စ်) လေယာဉ် ကုမ္ပဏီပြောကြား

တရုတ် နိုင်ငံရှိAirbus ကုမ္ပဏီ၏ လေယာဉ် ထုတ်လုပ်မှု တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဥရောပလေကြောင်းကုမ္ပဏီကြီး ဖြစ်သောအဲယားဘတ်(စ်)(Airbus) ကုမ္ပဏီက၎င်း၏ သတင်းအချက်အလက် စနစ်တွင် ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုအားရှာဖွေ တွေ့ရှိခဲ့သည်ဟုပြောကြားခဲ့ကြောင်းအမေရိကန် သတင်းမီဒီယာများက ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြခဲ့ကြသည်။

ထိုကဲ့သို့တိုက်ခိုက်မှုကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိကြောင်း ၊ သို့သော် ဆိုက်ဘာတိုက်ခိုက်မှုကသီးသန့်စာရင်းဇယားအချက်အလက် တစ်ခုခုကိုပစ်မှတ်ထားခြင်းရှိ/မရှိစုံစမ်းသွားမည် ဖြစ်ကြောင်းအဲယားဘတ်(စ်) လေယာဉ် ကုမ္ပဏီက ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာချက် တစ်ရပ်အားထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဲယားဘတ်(စ်) လေယာဉ် ကုမ္ပဏီသည် ကမ္ဘာ အနှံတွင် အလုပ်သမားဦးရေ ၁၂၉,၀၀၀ ခန့်ရှိပြီးစီးပွားဖြစ် ခရီးသည်တင် လေယာဉ် ထုတ်လုပ်ရေးဌာန ၊ကာကွယ်ရေး နှင့် အာကာသပိုင်းဆိုင်ရာဌာနနှင့် ရဟတ်ယာဉ် ဌာနတို့ရှိကြောင်းသိရသည်။အဆိုပါ တိုက်ခိုက်မှုအားကုမ္ပဏီဘက်မှ ဥရောပသမဂ္ဂ တာဝန်ရှိသူများထံ အစီရင်ခံတင်ပြသွားမည်ဟုသိရသည်။(Xinhua)