China
လမ်းဘေးစားသောက်ဖွယ်ရာ လောစီးဖန်ခေါက်ဆွဲက စားသောက်ကုန်လုပ်ငန်း ရှင်သန်တက်ကြွမှုကို အားဖြည့်ပေး

နန်နင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
လောစီးဖန်ဟု အမည်တွင်သော မြစ်ခရုဆန်ခေါက်ဆွဲက လက်ရှိကျင်းပနေဆဲ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် လူအများ၏အာရုံကို ဆွဲဆောင်ထားနိုင်သလို လူကြိုက်များရေပန်းစားလျက် ရှိသည်။
စူးရှသင်းပျံ့သောရနံ့ကြောင့် လူသိများလှသော လောစီးဖန်ခေါက်ဆွဲသည် လျိုကျိုးမြို့ရှိ အထင်ကရ စားသောက်ဖွယ်ရာတစ်မျိုးပင် ဖြစ်သည်။ လောစီးဖန်ခေါက်ဆွဲသည် ဆန်ခေါက်ဆွဲကို မြစ်ခရုဖြင့် ခပ်စပ်စပ်အရသာ အထူးကောင်းမွန်လှသောပြုတ်ရည်ထည့်ကာ မျှစ်နုများ၊ ဗိုလ်စားပဲများ၊ မြေပဲများနှင့် တိုဟူးပြားကြော်များဖြင့် တွဲဖက်စားသုံးရခြင်း ဖြစ်သည်။ အဆိုပါ လောစီးဖန် ခေါက်ဆွဲကို တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ပဉ္စမအသုတ်တွင် ၂၀၂၁ ခုနှစ်က ထည့်သွင်းခဲ့သည်။
၂၀၁၅ ခုနှစ်မှစ၍ လျိုကျိုးမြို့ ဒေသန္တရအစိုးရသည် လောစီးဖန်ခေါက်ဆွဲလုပ်ငန်း စက်မှုလုပ်ငန်းအသွင်ပြောင်းခြင်း၊ စံချိန်စံနှုန်းပြည့်မီစေခြင်း၊ အမှတ်တံဆိပ်နှင့် ပမာဏာအမြောက်အမြား ထုတ်လုပ်ခြင်း ဖြစ်မြောက်အောင်မြင်စေရန် ယင်းနှင့် ဆက်စပ်သောလုပ်ငန်းများ၏ ခေတ်မီအသွင်ပြောင်းမှုကို အားပေးထောက်ပံ့ခဲ့သည်။ ယင်းမှာ လမ်းဘေးစားသောက်ဖွယ်ရာတစ်ခုမှာ ယခင်ကတည်းက နိုင်ငံရပ်ခြားရှိ စားသုံးသူများအကြား အသိအမှတ်ပြုမှု ပိုမိုရရှိလာခဲ့ခြင်း၏ သင်္ကေတလည်း ဖြစ်ပေသည်။
၂၀၂၄ ခုနှစ်တွင်မူ လျိုကျိုးမြို့၌ လောစီးဖန်ခေါက်ဆွဲလုပ်ငန်းနှင့် ဆက်စပ်သော စုပေါင်းလုပ်ငန်းစုမှ ရောင်းအားဝင်ငွေမှာ ယွမ် ၇၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀.၅၅ ဘီလီယံခန့်) ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျိုကျိုးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လောစီးဖန်ခေါက်ဆွဲချက်ပြုတ်နေသူတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လောစီးဖန်ပန်းကန်ပေါ် စားဖွယ်ရာများ ဖြည့်စွက်နေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပြခန်းတစ်ခုတွင် လောစီးဖန်ချက်ပြုတ်နေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Street food Luosifen peps up industrial vitality
NANNING, Sept. 18 (Xinhua) — Luosifen, or river snail rice noodles, drew attention and popularity at the ongoing 22nd China-ASEAN Expo.
Known for its pungent smell, Luosifen is an iconic delicacy in Liuzhou. It features rice vermicelli soaked in a spicy broth nicely flavored by river snails and topped with ingredients such as pickled bamboo shoots, string beans, peanuts and fried tofu skin. In 2021, it was included in the fifth batch of China’s national intangible cultural heritage list.
Since 2015, the local government of Liuzhou has supported the modernization of Luosifen-related industries to achieve industrialization, standardization, branding and large-scale development of the industry. This signature street food has gained more recognition among overseas consumers ever since.
In 2024, the total integrated industrial chain sales revenue of Luosifen exceeded 75 billion yuan (about 10.55 billion U.S. dollars) in Liuzhou.
Photo 1: Workers pack pre-package Luosifen at the workshop of a company in Liuzhou, south China’s Guangxi Zhuang Autonomous Region, Sept. 9, 2025. (Xinhua/Huang Xiaobang)
Photo 2: A staff member cooks Luosifen at a restaurant in Liuzhou, south China’s Guangxi Zhuang Autonomous Region, Sept. 14, 2025. (Photo by Zheng Changhao/Xinhua)
Photo 3: A staff member adds toppings on a bowl of Luosifen at a restaurant in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 18, 2025. (Xinhua/Lu Boan)
Photo 4: A staff member cooks Luosifen at a booth of the 22nd China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 17, 2025. (Xinhua/Zhang Ailin)