Connect with us

China

ကြယ်ငါးပွင့် အလံအောက်မှ အပြာရောင်ဦးထုပ်များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် တရုတ်နိုင်ငံ၏ ၃၅ နှစ်ကြာ ပါဝင်ထမ်းဆောင်မှုက ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ဆောင်ကြဉ်းပေး

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း South Kivu ပြည်နယ်၏မြို့တော် ဘူကာဗူမြို့စွန်ရှိ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အင်ဂျင်နီယာတပ်ခွဲ၏ အခြေစိုက်စခန်း၌ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦးအား လက်ဆွဲနှုတ်ဆက်နေသည့် ကွန်ဂိုနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်း တည်ငြိမ်မှုထိန်းသိမ်းရေးမစ်ရှင် (MONUSCO) ၏ အကြီးအကဲဖြစ်သူ ကွန်ဂိုနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းသံတမန် ဘင်တူ ကီတာ (ဝဲ-ရှေ့) အား ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The 27th Chinese Peacekeeping Contingent to MONUSCO/Handout via Xinhua)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သက်တူရွယ်တူ ကလေးငယ် ၁၂ ဦးက ဝန်းရံထားသည့် အာဖရိက ကလေးငယ်တစ်ဦးက ကင်မရာရှေ့တွင် လက်မထောင်ပြနေကာ ၎င်းကလေးအားလုံးမှာ အပြာရောင်ကက်ဦးထုပ် ဆောင်းထားသည့် စစ်သည်တစ်ဦးအား အားပါးတရ ပြုံးပြနေကြသည်။ ၎င်းတို့၏ ခြေထောက်အောက်တွင် လောလောလတ်လတ် ခင်းထားသည့် လမ်းမတစ်ခုက ဖြောင့်ဖြူးလျက်ရှိကာ အဆိုပါစစ်သည် ဝင်ဆင်ထားသော အထူးဝတ်စုံ၏ အင်္ကျီလက်မောင်းတွင် အနီရောင်ကြယ်ငါးပွင့် ပါဝင်သော တရုတ်နိုင်ငံအလံကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။
တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရှိ ဒုက္ခသည်စခန်းတစ်ခုဆီသို့သွားရာ လမ်းအား ရှင်းလင်းပေးပြီးနောက် အောက်မေ့သတိရဖွယ် ထိုအခိုက်အတန့်အား မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ခြင်းဖြစ်သည်။ ကျင်းပလျက်ရှိသည့် ၁၂ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ၃၅ နှစ်ကြာ ပါဝင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အဆိုပါဓာတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာ လုံခြုံရေးဆွေးနွေးပွဲအတွင်း ပြသထားသည့် အဆိုပါဓာတ်ပုံများက တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု သမိုင်းတွင် အဓိကကျသော သမိုင်းမှတ်တိုင်များကို မီးမောင်းထိုးပြခြင်း ဖြစ်သကဲ့သို့ နိုင်ငံတကာ တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးအား ကာကွယ်စောင့်ရှောက်မည်ဟူသော တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထင်ထင်ရှားရှားရှိစေခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များမှာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ထိန်းသိမ်းရာတွင် ကုလသမဂ္ဂအတွက် အလွန်အရေးပါသော ယန္တရားတစ်ခုဖြစ်ကာ ပဋိပက္ခမှ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းနေသည့် ကမ္ဘာ့နိုင်ငံများနှင့် ဒေသများကို အထောက်အကူပေးလျက်ရှိသည်။
“လွန်ခဲ့တဲ့ ၃၅ နှစ်လုံးလုံး တရုတ်တပ်မတော်ဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်တွေကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေမှာ အလွန်အရေးပါတဲ့ အင်အားတစ်ရပ်နဲ့ မောင်းနှင်အားတစ်ခု ဖြစ်လာခဲ့တယ်” ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွင် တရုတ်တပ်မတော်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် အစည်းအဝေး၌ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဗဟိုဌာန၏ ဒုတိယညွှန်ကြားရေးမှူး ကုန်းကော်ရှီးက ပြောကြားခဲ့သည်။
ထိုအစည်းအဝေးခန်းမ တစ်ခုလုံးတွင် နိုင်ငံအသီးသီးမှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် ပြည့်နှက်နေခဲ့ကာ တက်ရောက်သူအများအပြားမှာ စင်္ကြံလမ်းတွင် မတ်တပ်ရပ်ကာ တင်ပြချက်များကို နားထောင်ခဲ့ကြသည်။
ထိုအစည်းအဝေးအပြီးတွင် အာဂျင်တီးနား ပညာရှင်တစ်ဦးဖြစ်သည့် ဖရန်ဆစ်စကို ကာဖီအဲရိုက ၎င်းအနေဖြင့် ယခုလအစောပိုင်းက ကျင်းပသည့် တရုတ်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားကြီးတွင် ပါဝင်ခဲ့သည့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ၏ စစ်ရေးပြချီတက်မှုကို အလွန်သဘောကျကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဟာ သူတို့ရဲ့ ထိပ်တန်းဦးစားပေး အစီအစဉ်တွေထဲမှာ ပါဝင်နေတယ်ဆိုတာကို အခိုင်အမာပြသခဲ့တာဖြစ်တယ်” ဟု ကာဖီအဲရိုက ဆိုသည်။
ကနဦးတွင် စစ်ရေးလေ့လာသူ ငါးဦးဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွင် ၁၉၉၀ ပြည့်နှစ်က စတင်ပါဝင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ပါဝင်လှုပ်ရှားမှုများမှာ မရပ်မနား တိုးတက်လာခဲ့သည်။ ယခုအခါ တရုတ်တပ်ဖွဲ့ဝင် ၁,၈၀၀ ကျော်မှာ ကုလသမဂ္ဂရုံးချုပ်နှင့် တာဝန်ကျရာနေရာ ၇ ခုတို့တွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်များကို ထမ်းဆောင်လျက်ရှိသည်ဟု ကုန်းက ဆိုသည်။
ထို့ပြင် တရုတ်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၈,၀၀၀ အား အသင့်အနေအထားဖြင့် ဆက်လက်ထားရှိကာ ခြေလျင်တပ်၊ အင်ဂျင်နီယာ၊ ဆေးဘက်ဆိုင်ရာနှင့် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
“ဒါဟာ ကမ္ဘာပေါ်မှာ အင်အားအများဆုံးနဲ့ အစုံလင်ဆုံး ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ပါပဲ” ဟု ကုန်းက အလေးအနက်ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံဟာ တခြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအားလုံးထက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ ပိုမိုစေလွှတ်ထားတာဖြစ်သလို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေမှာ ဘဏ္ဍာရေးအရ ဒုတိယအများဆုံး ပံ့ပိုးကူညီသူလည်းဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6Sa

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် စစ်ရေးပြအခမ်းအနားတစ်ခု၌ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စုဖွဲ့ချီတက်နေပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(English Version)
Blue helmets under five-star flag: China’s 35 years in UN peacekeeping brings peace, security
BEIJING, Sept. 18 (Xinhua) — An African child gives a thumbs-up at the camera, surrounded by a dozen peers, all beaming at a soldier in a blue cap. Beneath their feet, a freshly paved road stretches ahead, while China’s red five-star national flag is clearly visible on the sleeve of the soldier’s camouflage uniform.
The photo captures a moment of celebration after Chinese peacekeepers cleared a road to a refugee camp in the Democratic Republic of the Congo. A photo wall was featured at the ongoing 12th Beijing Xiangshan Forum, commemorating China’s 35 years of participation in United Nations (UN) peacekeeping operations.
Exhibited during the prestigious international security dialogue from Wednesday to Friday, the photos highlighted key milestones in the country’s peacekeeping history, underscoring China’s commitment to fulfilling its international obligations and safeguarding world peace.
Peacekeeping operations are a critical tool for the UN to maintain peace and security, providing support to countries and regions in transition from conflict to peace.
“For the past 35 years, the Chinese military has faithfully carried out its peacekeeping missions and become a crucial factor and driving force in UN peacekeeping operations,” said Gong Guoxi, deputy director of the Peacekeeping Affairs Center at China’s defense ministry, during a briefing on China’s armed forces in UN peacekeeping at the forum.
Defense officials and scholars from various countries filled the briefing room, with many standing in the aisles to hear the presentation.
Following the briefing, Argentine scholar Francisco Cafiero told Xinhua that he was impressed by the peacekeepers’ formation featured in the massive Chinese military parade earlier this month.
“It sent a strong signal to the international community that for the Chinese People’s Liberation Army (PLA), the peacekeeping operations are among its priorities,” said Cafiero.
Since the initial participation in UN peacekeeping with five military observers in 1990, China’s engagement has grown steadily. Today, over 1,800 Chinese military personnel are serving in UN peacekeeping operations across seven mission areas and at the UN Headquarters, said Gong.
In addition, the Chinese military maintains a standby peacekeeping force of 8,000 personnel, comprising infantry, engineers, medical and transport units.
“It is the largest and most diverse peacekeeping force in the world,” Gong stressed. “China provides more peacekeepers than any other permanent member of the UN Security Council and is the second-largest financial contributor to UN peacekeeping operations.” xhtxs.cn/6Sa
English Caption 1
Bintou Keita (L, front), the top UN envoy in the Democratic Republic of the Congo (DRC) who heads the United Nations Organization Stabilization Mission in the DR Congo (MONUSCO), shakes hands with a member of the Chinese peacekeepers at the camp of the engineering company of the Chinese contingent on the outskirts of Bukavu, the capital of the eastern province of South Kivu, the DRC, April 9, 2024.(The 27th Chinese Peacekeeping Contingent to MONUSCO/Handout via Xinhua)
English Caption 2
The Chinese UN peacekeepers formation attends a military parade in Beijing, capital of China, Sept. 3, 2025. (Xinhua/Wang Jianhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.