China
တရုတ်နိုင်ငံ၌ ဇန်န၀ါရီလမှ သြဂုတ်လအထိ နိုင်ငံခြားမှရင်းနှီးမြုပ်နှံသည့် လုပ်ငန်းပေါင်း ၄၂,၀၀၀ ကျော် ထူထောင်

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်မကြီး၌ ဇန်နဝါရီမှ သြဂုတ်လအထိ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသည့်လုပ်ငန်း စုစုပေါင်း ၄၂,၄၃၅ ခုကို တည်ထောင်ခဲ့ပြီး ယင်းမှာ ယမန်နှစ်ကာလတူထက် ၁၄.၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါကာလအတွင်း အမှန်တကယ်အသုံးပြုဆောင်ရွက်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) မှာမူ စုစုပေါင်း ယွမ် ၅၀၆.၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၂၂ ဘီလီယံခန့်) ရှိပြီး ယမန်နှစ်ကာလတူအောက် ၁၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အဆိုပါကာလအတွင်း အမှန်တကယ်အသုံးပြုဆောင်ရွက်သည့် FDI သည် ကုန်ထုတ်လုပ်မှုလုပ်ငန်း၌ ယွမ် ၁၂၉.၀၃ ဘီလီယံနှင့် ဝန်ဆောင်မှုလုပ်ငန်း၌ ယွမ် ၃၆၆.၁၉ ဘီလီယံ ရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ နည်းပညာမြင့်ကဏ္ဍများ၌ အမှန်တကယ်အသုံးပြုဆောင်ရွက်သည့် FDI မှာမူ စုစုပေါင်း ယွမ် ၁၄၈.၂၈ ဘီလီယံရှိခဲ့ပြီး e-commerce ဝန်ဆောင်မှုများ၊ လေကြောင်းနှင့် အာကာသနည်းပညာ စက်ပစ္စည်းထုတ်လုပ်ရေး၊ ဓာတုဆေးဝါးထုတ်လုပ်ရေးနှင့် ဆေးဘက်ဆိုင်ရာကိရိယာထုတ်လုပ်ရေးကဏ္ဍများ၌ FDI များက ၁၆၉.၂ ရာခိုင်နှုန်း၊ ၃၇.၅ ရာခိုင်နှုန်း၊ ၂၃.၂ ရာခိုင်နှုန်းနှင့် ၁၉.၂ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂျပန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် စင်ကာပူနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများမှာ ၅၈.၉ ရာခိုင်နှုန်း၊ ၃၇.၂ ရာခိုင်နှုန်း၊ ၂၄.၅ ရာခိုင်နှုန်းနှင့် ၁.၈ ရာခိုင်နှုန်းစီ အသီးသီးတိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ Alu Rehab (ရှမန်) ကုမ္ပဏီ၏ အလုပ်ရုံ၌ ဘီးတပ်ကုလားထိုင်များအား တပ်ဆင်နေသော အလုပ်သမားတစ်ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(English Version)
Over 42,000 foreign-invested enterprises established in China from Jan-Aug
BEIJING, Sept. 19 (Xinhua) — A total of 42,435 foreign-invested enterprises were established on the Chinese mainland from January to August, increasing 14.8 percent year on year, the Ministry of Commerce said on Friday.
During the period, foreign direct investment (FDI) in actual use totaled 506.58 billion yuan (about 71.22 billion U.S. dollars), which was down 12.7 percent year on year.
The actual use of FDI during the period came in at 129.03 billion yuan in the manufacturing industry, and at 366.19 billion yuan in the services industry.
The actual use of FDI in China’s high-tech sectors totaled 148.28 billion yuan, with FDI in the e-commerce services, aerospace equipment manufacturing, chemical pharmaceutical manufacturing and medical instrument manufacturing sectors surging 169.2 percent, 37.5 percent, 23.2 percent and 19.2 percent.
By source, investment from Japan, Switzerland, the United Kingdom and Singapore grew 58.9 percent, 37.2 percent, 24.5 percent and 1.8 percent. ■
English Caption 1
Maintenance engineers repair an engine at the engine overhaul workshop of Taikoo Engine Services (Xiamen) Co., Ltd. in Xiamen, southeast China’s Fujian Province, March 6, 2025. (Xinhua/Fu Min)
English Caption 2
A worker assembles wheelchairs at the workshop of Alu Rehab (Xiamen) Co., Ltd. in Xiamen, east China’s Fujian Province, Feb. 26, 2025. (Xinhua/Fu Min)