Connect with us

China

တရုတ်နိုင်ငံတစ်ဝန်း လွတ်လပ်သောကုန်သွယ်ရေးဇုန်များတွင် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်များ (FTZs) တွင် စမ်းသပ်ထားသော ပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများကို နိုင်ငံတစ်ဝန်းတွင် ပုံစံတူကျယ်ပြန့်စွာဆောင်ရွက်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း စုစုပေါင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် ၂၂ ခုကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေး၊ စီမံအုပ်ချုပ်မှု ဆန်းသစ်မှုရှိရေး၊ ငွေကြေးဆိုင်ရာ တံခါးဖွင့်ဝါဒ ဆန်းသစ်မှုရှိရေး၊ အရည်အသွေးမြင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဉာဏမူပိုင်ခွင့်ကာကွယ်ရေး စသည်တို့အပေါ် လွှမ်းခြုံမှုရှိကြောင်း ကြေညာချက်အရ သိရသည်။

လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်များ တည်ဆောက်ထားခြင်းမှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရန်၊ နည်းလမ်းသစ်များကို ကျယ်ပြန့်စွာတံခါးဖွင့်ရှာဖွေနိုင်ရန်၊ အတွေ့အကြုံများ စုစည်းနိုင်ရန်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။
ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ မြှင့်တင်ခြင်းသည် နိုင်ငံတစ်ဝန်းရှိ စီးပွားရေးပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေး၊ ဈေးကွက်နိုးကြားမှုရှိစေရေးနှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေး တည်ဆောက်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)

China to promote more FTZ reform measures nationwide

BEIJING, July 11 (Xinhua) — China’s State Council has issued a circular to promote the replication of the latest reform experience tested in its pilot free trade zones (FTZs) across the country.
A total of 22 reform measures will be adopted nationwide, covering investment and trade facilitation, governance innovation, financial opening-up innovation, high-quality development of industries, and intellectual property protection, according to the circular.
FTZs are launched to explore new ways and accumulate experience for comprehensively deepening reform and expanding opening-up, the circular said.
It added that the promotion of reform measures will help improve the business environment nationwide, stimulate market vitality, and build a higher-level open economy.
Photo: A citizen handles business at Shanghai’s Pilot Free Trade Zone Lingang Special Area in east China’s Shanghai, May 12, 2023. (Xinhua/Ma Ning)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.