Connect with us

China

သမ္မတ ရှီကျင့်ဖိန်က တူနီးရှားသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ကေးဆာအိထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်း၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တူနီးရှားနိုင်ငံ သမ္မတ ကေးဆာအိနှင့် လက်ဆွဲနှုတ်ဆက်နေပုံကို ၂၀၂၄ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တူနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ကေးဆာအိထံသို့ အောက်တိုဘာ ၉ ရက်၌ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် တူနီးရှားနိုင်ငံတို့အနေဖြင့် အစဉ်အလာအားဖြင့် အလွန်လေးနက်သော ချစ်ကြည်ရင်းနှီးမှုကို ရရှိခဲ့သည်ဟု ရှီက အလေးအနက်ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦး၏ အတူတကွ လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ မကြာသေးမီနှစ်များအတွင်း ခိုင်မာတည်ငြိမ်စွာ တိုးတက်ခဲ့ကာ နယ်ပယ်အသီးသီးတွင် အကျိုးဖြစ်ထွန်းစေသော ကူးလူးဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ခဲ့သည်ဟု ရှီက ပြောကြားခဲ့သည်။
မေလ၌ တရုတ်နိုင်ငံသို့ အောင်မြင်သော နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် တူနီးရှား သမ္မတဆာအိ လာရောက်စဉ်အတွင်း တရုတ်-တူနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း မိမိတို့နှစ်ဦးက ကြေညာခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးအား အဆင့်သစ်တစ်ခုဆီသို့ တိုးမြှင့်ခဲ့သည်ဟု ရှီက ဆိုသည်။
မိမိအနေဖြင့် တရုတ်-တူနီးရှား ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုအပေါ် အလွန်တန်ဖိုးထားကာ ယခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်‌မြောက်မှုအား တရုတ်-တူနီးရှား ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး နယ်ပယ်အသီးသီးတွင် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းဖော်ဆောင်၍ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာဖြင့် ရေရှည်တိုးတက်စေရေးအတွက် တွန်းအားပေးလုပ်ဆောင်ရမည့် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူလျက် အဆွေတော်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
Xi congratulates Saied on re-election as Tunisian president
BEIJING, Oct. 10 (Xinhua) — Chinese President Xi Jinping on Wednesday sent a congratulatory message to Kais Saied on his re-election as president of the Republic of Tunisia.
Xi pointed out that China and Tunisia enjoy profound traditional friendship. In recent years, under the joint guidance of both leaders, bilateral relations have developed in a sound and steady manner, with fruitful exchanges and cooperation in various fields and ever deepening traditional friendship, Xi said.
Xi said he and Saied announced the establishment of China-Tunisia strategic partnership during Saied’s successful state visit to China in May, pushing bilateral relations to a new level.
Xi said he highly values the development of China-Tunisia relations and is ready to work with Saied to take the 60th anniversary of the diplomatic ties this year as an opportunity to carry forward China-Tunisia friendship, deepen exchanges and cooperation in various fields and push for steady and long-term growth of China-Tunisia strategic partnership. Enditem
English Caption
Chinese President Xi Jinping shakes hands with Tunisian President Kais Saied in Beijing, capital of China, May 31, 2024. (Xinhua/Ding Haitao)