Connect with us

China

ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်သောနိုင်ငံများအနေဖြင့် ဆင်ခြင်တုံတရားရှိစွာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တရုတ်သံတမန် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ် (ရှေ့တန်း) ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (Cia Pak/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်သောနိုင်ငံများအနေဖြင့် ဆင်ခြင်တုံတရားရှိစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ထိထိရောက်ရောက် လိုက်နာကြရန်နှင့် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုကို ရှောင်ရှားကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဇူလိုင် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယူကရိန်းနိုင်ငံ ပဋိပက္ခဖြစ်ပွားမှု အပြည့်အဝအရှိန်မြင့်တက်လာချိန်မှစ၍ ယင်းပဋိပက္ခသည် အပြစ်မဲ့အရပ်သားများ အမြောက်အမြားသေဆုံးမှု၊ အခြေခံအဆောက်အအုံ ပျက်စီးမှုနှင့် ဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့သလို ကြီးမားသော သက်ရောက်မှုဖြင့် ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းဖြစ်ပေါ်လာစေခဲ့ကြောင်း ယူကရိန်းအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကိန်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Chinese envoy calls on parties to Ukraine conflict to exercise rationality, restraint
UNITED NATIONS, July 9 (Xinhua) — Geng Shuang, China’s deputy permanent representative to the United Nations, on Tuesday reiterated China’s call on the parties to the Ukraine conflict to exercise rationality and restraint, effectively comply with international humanitarian law, and avoid attacks on civilians and civilian infrastructure.
In remarks at the UN Security Council briefing on Ukraine, Geng said that since the full escalation of the crisis in Ukraine in February 2022, the conflict has led to a large number of casualties among innocent civilians and the damage and destruction of infrastructure, triggering a dire humanitarian crisis with huge spillover effects.
Photo: Geng Shuang (Front), China’s deputy permanent representative to the United Nations, addresses a UN Security Council meeting on the question concerning Haiti at the UN headquarters in New York, on Oct. 4, 2021. (Cia Pak/UN Photo/Handout via Xinhua)