Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံး e-visa ရှန်ဟိုင်းတွင် ထုတ်ပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ် အမှတ် ၂ ဂိတ်ပေါက် ပြည်တွင်းထွက်ခွာနေရာတွင် ခရီးသည်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အီလက်ထရွန်နစ်ဗီဇာများ အသုံးပြုမှု မြှင့်တင်ရာတွင် သိသာထင်ရှားသော ဆောင်ရွက်မှုအဖြစ် ရှန်ဟိုင်းမြို့က နိုင်ငံ၏ ပထမဆုံး e-visa ကို ထုတ်ပေးလိုက်ကြောင်း သိရသည်။
ရှန်ဟိုင်း ပြည်သူ့လုံခြုံရေးဗျူရို၊ အစိုးရပြည်ဝင်-ပြည်ထွက်ရေးရာစီမံခန့်ခွဲမှုဗျူရိုက ထုတ်ပြန်သော e-visa ကိုင်ဆောင်ထားသည့် စင်ကာပူနိုင်ငံမှ Chung ဟု မိသားစုအမည်ရှိသူ အမျိုးသားတစ်ဦးသည် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က လေယာဉ်ဖြင့် ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း ဗျူရိုထံမှ သိရသည်။ နယ်စပ်စစ်ဆေးရေးအာဏာပိုင်များ၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်း ဆောင်ရွက်ပြီးနောက် အဆိုပါ အမျိုးသားသည် နယ်စပ်ကို ဖြတ်သန်းလာခဲ့ကာ e-visa ဖြင့် ဝင်ရောက်လာသည့် ပထမဆုံးနိုင်ငံခြားသား ဖြစ်လာခဲ့သည်။
“e-visa လျှောက်ထားရတာနဲ့ အသုံးပြုရတာ အလွန်ပဲအဆင်ပြေပါတယ်။ ကျွန်တော် စာရွက်နဲ့ဗီဇာကို ထပ်ပြီးသက်တမ်းတိုးတော့မှာမဟုတ်ပါဘူး” ဟု Chung က ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China’s first e-visa issued in Shanghai
SHANGHAI, July 13 (Xinhua) — Shanghai Municipality has issued China’s first e-visa, a significant move for the country in promoting the use of electronic visas.
Holding an e-visa issued by the Government Affairs of Exit-Entry Administration Bureau of the Shanghai Public Security Bureau, a man surnamed Chung from Singapore arrived at the Shanghai Pudong International Airport by plane at around 1 p.m. Friday, according to the bureau. After being inspected and confirmed by the border inspection authorities, he passed through the border, becoming the first foreigner to enter the country with an e-visa.
“The application and use of the e-visa are very convenient. I no longer have to renew a paper visa,” said Chung.
Photo: Passengers check in at the domestic departure section of Terminal 2 building of the Shanghai Pudong International Airport in east China’s Shanghai, Nov. 24, 2020. (Xinhua/Ding Ting)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.