Connect with us

China

အရေးကြီးဆုံးကိစ္စဖြစ်သော ယူကရိန်းအ‌ရေး ပုံမှန်အခြေအနေပြန်ဖြစ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဆိုင်ရာ မနီလာဖိုရမ်၌ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ယူကရိန်းအရေးနှင့် ပတ်သက်၍ လက်ရှိအရေးကြီးဆုံးကိစ္စနှင့် လက်တွေ့အကျဆုံးပန်းတိုင်မှာ တင်းမာမှုကို ပုံမှန်အခြေအနေပြန်ဖြစ်ရေး ဆောလျင်စွာဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဟန်ဂေရီနိုင်ငံခြား‌‌ရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Peter Szijjarto နှင့် တယ်လီဖုန်းပြောဆိုစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

Szijjarto က တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးမြှင့်တင်ပေးသည့် အရေးပါသော ပံ့ပိုးမှုအင်အားဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အထူးသဖြင့် ယူကရိန်းအရေး၊ ယင်းနှင့်ဆက်စပ်၍ ဟန်ဂေရီနိုင်ငံ၏ လတ်တလော ကြိုးပမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်ကို ဝမ်အားပြောကြားခဲ့သည်။
ဟန်ဂေရီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပဋိပက္ခအရှိန်မြင့်တက်မှုကို ကာကွယ်ထိန်းသိမ်းရေးနှင့် နိုင်ငံရေးအရ အဖြေရှာမှု အခြေအနေများပေါင်းစည်းရေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း Szijjarto က ပြောခဲ့သည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ မကြာသေးမီက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာတွင် ငြိမ်းချမ်းရေးနှင့် ဆက်စပ်သောကိစ္စရပ်များ၊ နှစ်နိုင်ငံ ခေါင်းဆောင်များကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ခေတ်သစ် တရုတ်-ဟန်ဂေရီ အချိန်အခါမရွေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တစ်ဆင့်တိုးမြှင့်ရေး စသည့် အရေးကြီးကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မဟာဗျူဟာမြောက်ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Chinese FM says cooling down situation over Ukraine most urgent matter
BEIJING, July 16 (Xinhua) — Currently the most urgent matter and the most realistic goal over the Ukraine crisis are to cool down the tension as soon as possible, Chinese Foreign Minister Wang Yi said Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a phone call with Hungarian Minister of Foreign Affairs and Trade Peter Szijjarto.
Szijjarto briefed Wang of his views on the current situation, especially on the Ukraine crisis as well as Hungary’s recent related efforts, saying that China is an important force supporting the promotion of peace.
Hungary is willing to work with China to prevent the escalation of the conflict and accumulate conditions for a political settlement, Szijjarto said.
Wang said that Hungarian Prime Minister Viktor Orban made a visit to China recently, during which Chinese President Xi Jinping had strategic communication with him on important issues concerning peace, demonstrating mutual trust and friendship between the two leaders and the high level of China-Hungary all-weather comprehensive strategic partnership for a new era.
Photo: Chinese State Councilor and Foreign Minister Wang Yi addresses the Manila Forum for China-Philippines Relations via video on Jan. 17, 2022. (Xinhua/Ji Chunpeng)