Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းမြင့် အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်ပတ်လမ်းကြောင်းမြင့် အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်ပတ်လမ်းကြောင်းမြင့် အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုသစ်တစ်စင်းကို အာကာသအတွင်းသို့ ဩဂုတ် ၁ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုကို Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၉:၁၄ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသောဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့သည်။
ယခုအကြိမ်လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၂၉ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်လည်း ဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
China launches new high-orbit internet-services satellite
XICHANG, Aug. 1 (Xinhua) — China sent a new high-orbit internet-services satellite into space on Thursday from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The satellite was launched at 9:14 p.m. (Beijing Time) aboard a Long March-3B carrier rocket and entered its preset orbit successfully.
The launch marks the 529th flight mission of the Long March carrier rocket series.
Photo 1, 2, 3: A Long March-3B carrier rocket carrying a new high-orbit internet-services satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Aug. 1, 2024. (Photo by Hu Zenghui/Xinhua)