Connect with us

China

တရုတ်နိုင်ငံက Cloud Computing နည်းပညာအတွက် အမျိုးသားနှင့် စက်မှုလုပ်ငန်းဆိုင်ရာ စံနှုန်းသစ် ၃၀ ကျော်ကို ၂၀၂၇ ခုနှစ်ထက်နောက်မကျစေဘဲ ထုတ်ပြန်မည်

တရုတ်နိုင်ငံမြို့တော်၊ ပေကျင်းမြို့၌ ပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် တရုတ်အင်တာနက်ကွန်ဖရင့် ဒစ်ဂျစ်တယ်နည်းပညာပြပွဲတစ်ခု၌ Cloud ကွန်ပျူတာနည်းပညာအကြောင်း လေ့လာနေသည့် ပြပွဲတက်ရောက်သူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း cloud computing နည်းပညာကဏ္ဍတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းကြောင့် တရုတ်နိုင်ငံကလည်း ၂၀၂၇ ခုနှစ်ထက်နောက်မကျစေဘဲ cloud computing နည်းပညာအတွက် အမျိုးသားနှင့် စက်မှုလုပ်ငန်းဆိုင်ရာ စံနှုန်းသစ် ၃၀ ကျော် ဖွံ့ဖြိုးထွက်ပေါ်လာရန် ရည်မှန်းချက်ချထားကြောင်း တရုတ်နိုင်ငံ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်လိုက်သည်။
အသစ်ထုတ်ပြန်မည့်စံနှုန်းသစ်များသည် စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် အမျိုးသား စံချိန်စံညွှန်းသတ်မှတ်ရေးအုပ်ချုပ်မှုအဖွဲ့မှထုတ်ပြန်ထားသော cloud computing နည်းပညာကဏ္ဍ၏ စံချိန်စံညွှန်းဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ cloud computing နှင့် ဆက်စပ်နေသော နည်းပညာ၊ ဝန်ဆောင်မှု၊ အက်ပလီကေးရှင်း၊ စီမံခန့်ခွဲမှုနှင့် ဘေးကင်းလုံခြုံမှုတို့ကို အာရုံစိုက်မည်ဖြစ်ကြောင်း သိရသည်။
နှစ်များစွာကြာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာတိုးတက်လာပြီးနောက် တရုတ်နိုင်ငံကလည်း စက်မှုလုပ်ငန်းဆိုင်ရာ အဆင့်မြှင့်တင်မှုများအားကောင်းလာစေခြင်းနှင့် ဂေဟစနစ်နှင့်ကိုက်ညီသော ဒစ်ဂျစ်တယ်အသံစနစ်တစ်ခုထူထောင်ခြင်းများတွင် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်လုပ်ဆောင်နိုင် သည့် ခိုင်မာအားကောင်းသော cloud computing စျေးကွက်တစ်ခုကို ဖန်တီးပုံဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း လမ်းညွှန်ချက်တွင် အလေးထားဖော်ပြထားသည်။
အသစ်ထုတ်ပြန်မည့်စံနှုန်းသစ်များကိုအသုံးပြု၍ နည်းပညာများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ cloud computing နည်းပညာနှင့် သက်ဆိုင်သော ဝန်ဆောင်မှုနှင့် အက်ပလီကေးရှင်းများကို စည်းမျဉ်း စည်းကမ်းနှင့်အညီထိန်းညှိရန်နှင့် အမျိုးအစားစုံလင်များပြားသောစက်မှုလုပ်ငန်းများအနှံ့ cloud computing အက်ပလီကေးရှင်းအတွက်လိုအပ်ချက်များကို စံချိန်စံညွှန်းသတ်မှတ်ရန် မျှော်လင့်ထား ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် cloud computing နည်းပညာကဏ္ဍတွင် နိုင်ငံတကာနှင့် ပြည်တွင်းစံနှုန်းများကို လိုက်နာ၍ အဓိကအညွှန်းကိန်းများ တစ်သမတ်တည်း မြှင့်တင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်များ၌ ဖော်ပြထားသည်။ (Xinhua)
………………….
(English Version)
China to unveil over 30 new national, industry standards for cloud computing by 2027
BEIJING, Oct. 9 (Xinhua) — China’s Ministry of Industry and Information Technology on Thursday said that the country plans to develop more than 30 sets of new national and industry standards for cloud computing by 2027, as the sector has posted robust growth in recent years.
The new standards will focus on cloud-computing-related technology, services, applications, management and safety, according to a guideline on the standardization of the cloud computing sector, which was issued by the ministry and the National Standardization Administration.
Following years of rapid development, China has formed a substantial cloud computing market, which plays a key role in empowering industrial upgrades and establishing a sound digital ecology, the guideline noted.
The new standards are expected to regulate the definitions of technologies, services and applications related to cloud computing, and to standardize requirements for the application of cloud computing across various industries.
China will also work to enhance the consistency of key indicators across international and domestic standards in the sector, according to the guideline. ■
Photo:
Visitors learn about cloud computer technology at an exhibition on digital technologies at 2023 China Internet Conference in Beijing, capital of China, July 18, 2023. (Xinhua/Li Xin)