Connect with us

China

ဆန်းသစ်တီထွင်မှုအစီအမံများဖြင့် တရုတ်နိုင်ငံ ရှေးဟောင်းလိုဏ်ဂူများ ရှင်သန်သက်ဝင်မှုရှိလာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် အန်းယွဲ့ခရိုင်ရှိ စုန့်မင်းဆက် (၉၆၀-၁၂၇၉) ကျောက်သားရုပ်တုများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် အန်းယွဲ့ခရိုင်တွင် တောင်ကမ်းပါးယံက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော ကျောက်သားပန်းပု အရေအတွက် တစ်သိန်းနှင့် 3D စကင်န်ဖတ်ခြင်းနှင့် သုံးဖက်မြင်ပရိုဂျက်တာကဲ့သို့ ခေတ်မီနည်းပညာများ ပေါင်းဆုံမှုသည် အတိတ်နှင့် မျက်မှောက်ခေတ်အကြား အကျိုးကျေးဇူးများပြားလှသော အပြန်အလှန်တုံ့ပြန်မှုကို သက်သေပြုလျက်ရှိသည်။
ယခင်က ပြည်သူများအနေဖြင့် ထန်မင်းဆက်နှင့် စုန့်မင်းဆက်ခေတ်က ထိုသို့ ယဉ်ကျေးမှုအမွေအနှစ်များကို တွေ့မြင်နိုင်ရန် ကျေးလက်ဒေသသို့ စွန့်စွန့်စားစား သွားရောက်ကြရသည်။ ယနေ့ခေတ်တွင်မူ ၇.၁၃ ဟက်တာရှိသော ဒစ်ဂျစ်တယ်ပြခန်းစင်တာက လိုဏ်ဂူများကို လာရောက်လေ့လာသူများအား ပိုမိုဝင်ရောက်ခွင့်ပြုနိုင်ပြီဖြစ်သည်။
ယင်းစင်တာရှိ ပြခန်းတွင် မြေပုံပရိုဂျက်ရှင်း (mapping projection) ၊ လက်ဟန်ပြအာရုံခံစနစ်၊ ဦးနှောက်အာရုံခံစနစ် တုံ့ပြန်မှုနှင့် ဉာဏ်ရည်တု အယ်လ်ဂိုရီသမ်များ စသည့် တီထွင်ဆန်းသစ်မှုနည်းပညာများက သက်တမ်းကြာမြင့်ပြီဖြစ်သော ဗုဒ္ဓရုပ်ပွားတော်များနှင့် နံရံဆေးရေးပန်းချီများကို ထင်ထင်ရှားရှား သက်ဝင်မှုရှိလာစေသည်။ အထူးသဖြင့် နံရံကပ် four-panel ရုပ်ရှင်ရုံနှင့် 3D-8K အမိုးလုံးဇာတ်ရုံတို့က လာရောက်လေ့လာသူများအား အရည်အသွေးကြည်လင်လှသော ရုပ်သံစနစ်ကို တွေ့ကြုံခံစားရစေခြင်း ဖြစ်သည်။
ယခုနှစ် မေလက ယင်းစင်တာ စတင်လည်ပတ်ပြီးချိန်မှစ၍ အန်းယွဲ့လိုဏ်ဂူများဒစ်ဂျစ်တယ်ပြခန်းစင်တာက ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစုပေါင်းနေရာက ၂၀၂၅ ခုနှစ် နွေရာသီအားလပ်ရက်ကာလအတွင်း နေ့စဉ်လာရောက်လေ့လာသူအကြိမ်ရေ ၃,၀၀၀ အထိ ရှိပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်၊ လိုဏ်ဂူများ ပြသရန်နှင့် အပြန်အလှန်အကျိုးပြုနိုင်ရန် ရည်ရွယ်ထားသော ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းဆုံနေရာဖြစ်သော အန်းယွဲ့လိုဏ်ဂူများဒစ်ဂျစ်တယ်ပြခန်းစင်တာသည် ၂၀၂၅ ခုနှစ် နွေရာသီ အားလပ်ရက်ကာလအတွင်း နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃,၀၀၀ အထိ ရှိပြီး ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော်ကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
“အန်းယွဲ့ခရိုင်မှာ အံ့ဩဖွယ်ရာ ဘူမိဗေဒနဲ့ ပထဝီဝင်အနေအထားကို ခံစားနိုင်ပါတယ်” ဟု အန်းယွဲ့လိုဏ်ဂူ ဒစ်ဂျစ်တယ် ပြခန်းစင်တာရှိ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အန်းယွဲ့ခရိုင်ရှိ မြေမျက်နှာသွင်ပြင်အခင်းအကျင်းမှာ တောင်တန်းများခြံရံထားခြင်းဖြစ်ကာ အောက်ခံကျောက်သားလွှာများမှာ အညိုဖျော့ရောင် သို့မဟုတ် မီးခိုးရောင်ရှိ၍ အလယ်အလတ်မာကျောအဆင့်ရှိ သဲကျောက်များ အနှံ့အပြားတည်ရှိသည်။ ကျောက်စရစ်များနှင့် တောင်ကမ်းပါးယံများလည်း ပေါကြွယ်ဝလှသည်။ ထိုသို့သောသွင်ပြင်လက္ခဏာရပ်များက ဧရာမကြီးမားသော ကျောက်သားပန်းပုများ ထုဆစ်ရန် လွန်စွာသင့်လျော်ပေသည်။
အန်းယွဲ့ခရိုင်တွင် ဂူဘုရားနေရာ ၅၀၀ နီးပါး တည်ရှိပြီး ယင်းအနက် ၁၀ ခုမှာ နိုင်ငံအဆင့် အရေးပါသော ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးနေရာအဖြစ် စာရင်းဝင်ထားပြီး ဖြစ်သလို ကျောက်ကမ်းပါးယံ ကျောက်ဆစ်ပန်းပုရုပ်တု ၁၀၀,၀၀၀ ကျော်နှင့် ကျောက်ကမ်းပါးယံ၌ ထွင်းထားသော ကျမ်းဂန် အက္ခရာစာလုံးပေါင်း ၄၀၀,၀၀၀ နီးပါး ရှိကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7jJ
…………
(English Version)
Ancient grottoes in southwest China survive, thrive via innovative measures
CHENGDU, Oct. 7 (Xinhua) — The meeting between 100,000 millennium-old cliff carvings and modern technologies, like 3D scanning and holographic projection, has proved a fruitful interaction between past and present in Anyue County, southwest China’s Sichuan Province.
Previously, people had to venture into the deep countryside to witness these cultural relics from the Tang and Song dynasties. Today, a 7.13-hectare digital exhibition center makes the carvings more accessible to visitors.
In the exhibition hall at this center, innovative technologies such as mapping projection, gesture sensing, brainwave interaction and AI algorithms breathe vivid new life into age-old Buddhas and murals. Notably, a four-panel immersive cinema and a 3D-8K dome theater offer visitors excellent audiovisual experiences.
Since its trial operation in May this year, the Anyue Grottoes Digital Exhibition Center, a culture-and-tourism complex dedicated to digital conservation, display and interaction of grottoes, has already drawn more than 150,000 visitors — with daily visits topping 3,000 during the 2025 summer holiday period.
“Anyue enjoys exceptional geography and geology,” said a staff member at the Anyue Grottoes Digital Exhibition Center.
Rolling hills dominate the landscape in Anyue, and the bedrock is mostly light-brown or grey sandstone of moderate hardness, which is widely distributed. The county also has abundant resources when it comes to gravel and cliffs. All these characteristics are very suitable for large-scale stone carvings.
Anyue is home to nearly 500 grotto-temple sites — ten of which are listed as national key cultural relics protection sites — and hosts more than 100,000 cliff carvings and almost 400,000 characters featured in cliff sutras. xhtxs.cn/7jJ
Photo: Photo taken on Dec. 22, 2021 shows the stone statues of the Song Dynasty (960-1279) in Anyue County, southwest China’s Sichuan Province. (Xinhua/Tang Wenhao)