China
တရုတ်နိုင်ငံက အေဒင်ပင်လယ်ကွေ့တွင် စောင့်ကြပ်မှုတာဝန်များ ထမ်းဆောင်ရန် ရေတပ်စစ်ရေယာဉ်စုသစ် စေလွှတ်မည်

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန် ရေပြင်အတွင်း စောင့်ကြပ်မှုတာဝန်များ ထမ်းဆောင်ရန် ရေတပ်စစ်ရေယာဉ်စုသစ်ကို အောက်တိုဘာလလယ်တွင် စေလွှတ်သွားမည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်၏ ၄၈ ကြိမ်မြောက် အထူး စောင့်ကြပ်ရေးအဖွဲ့တွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ထန်ဆန်း၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော တာ့ချင့်နှင့် ဘက်စုံသုံး ထောက်ပံ့ပို့ဆောင်ရေးသင်္ဘော ထိုက်ဟူတို့ ပါဝင်မည်ဟု ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အထူး စောင့်ကြပ်ရေးအဖွဲ့များအနေဖြင့် အေးအတူပူအမျှ ပင်လယ်ရေကြောင်း အသိုက်အဝန်း ထူထောင်ရန်နှင့် နိုင်ငံတကာ ပင်လယ်ရေလမ်းကြောင်းများနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ရန် ခိုင်ခိုင်မာမာ လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) မှာ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာ ကမ်းလွန်ရေပြင်အတွင်း စောင့်ကြပ်ရေးတာဝန်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
China to send new navy fleet for escort missions in Gulf of Aden
BEIJING, Oct. 10 (Xinhua) — China will send a new navy fleet for escort missions in the Gulf of Aden and the waters off Somalia in mid-October, said a spokesperson for the Ministry of National Defense on Friday.
The 48th escort task group of the Chinese People’s Liberation Army (PLA) Navy will be composed of the guided-missile destroyer Tangshan, the guided-missile frigate Daqing and the comprehensive supply ship Taihu, spokesperson Jiang Bin told a press conference.
He said the escort task groups take concrete actions to build a maritime community with a shared future, and safeguard international sea lanes and regional peace and stability.
The PLA Navy began conducting escort missions in the Gulf of Aden and the waters off Somalia in December 2008.
English Caption
Chinese officers and soldiers wave goodbye at a port in Zhoushan, east China’s Zhejiang Province, Dec. 15, 2024. (Photo by Wang Ningchuan/Xinhua)