China
ပိုမိုကောင်းမွန်သော အနာဂတ်အတွက် တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံ အတူတကွဆောင်ရွက်ရန် ဆားဘီးယားသမ္မတ ဗူဆစ်ပြောကြား

ဘဲလ်ဂရိတ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ်က အောက်တိုဘာ ၁ ရက်၌ ကျရောက်သော တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ၌ စက်တင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။
ဧည့်ခံပွဲတွင် ဗူဆစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အခမ်းအနားကို ဂုဏ်ပြုစကားပြောကြားပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကိုပါ ပူးတွဲကျင်းပခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ခိုင်မာတဲ့ စီမံကိန်းတွေနဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေကနေ တည်ဆောက်ထားတဲ့ ယုံကြည်မှုအတွက် ဂုဏ်ယူမိပါတယ်။ ဆားဘီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုတို့ကို မြှင့်တင်ဖို့ အတူတကွ လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမင် ကလည်း နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုကို ချီးကျူးခဲ့ပြီး မိတ်ဖက်ဆက်ဆံရေးအား အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိသည့် “သံမဏိ ချစ်ကြည်ရေး” အဖြစ် ဖော်ပြခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင် အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့သည်။
အဆိုပါဧည့်ခံပွဲသို့ ဆားဘီးယား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဘက်ရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရပုဂ္ဂိုလ်များ၊ နိုင်ငံခြား သံတမန်များ၊ ပြည်ပရောက် တရုတ်နိုင်ငံသားများ၊ တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ကျောင်းသားများ အပါအဝင် လူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Serbia, China to work together for better future: Vucic
BELGRADE, Sept. 30 (Xinhua) — Serbia and China will strengthen cooperation to promote peace, development and a better future, Serbian President Aleksandar Vucic said on Monday at a reception marking China’s National Day, which falls on Oct. 1.
At the reception, Vucic congratulated the 76th anniversary of the founding of the People’s Republic of China and expressed his delight in jointly celebrating the 70 years of friendship between the two peoples.
“I am proud of the trust we have built through concrete projects and close relationships between our two peoples, and confident that Serbia and China will work together to promote peace, development and a better life for our citizens,” he said.
Chinese Ambassador to Serbia Li Ming hailed the steady growth of bilateral relations, describing the partnership as an “ironclad friendship” that has stood the test of time and highlighted the achievements under the Belt and Road Initiative.
More than 800 people attended the reception, including Serbian political, business, military and cultural figures, foreign diplomats, overseas Chinese, representatives of Chinese companies, and students. ■
English Caption
Serbian President Aleksandar Vucic attends a reception marking the 76th anniversary of the founding of the People’s Republic of China and the 70 years of friendship between the two peoples in Belgrade, Serbia, Sept. 29, 2025. (Photo by Wang Wei/Xinhua)