Connect with us

China

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ သမ္မတ ရှီ ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တရုတ် အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပသော ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်ကာ အရေးကြီးမိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအမံများစွာကို အောက်တိုဘာ ၁၃ ရက်က ကြေညာခဲ့ကြောင်း သိရသည်။
လာမည့်ငါးနှစ်တာအတွင်း တရုတ်နိုင်ငံသည် ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) ကို အမေရိကန်ဒေါ်လာ ၁၀ သန်း ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း ရှီက ပေကျင်းမြို့တွင် ကျင်းပသည့် အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျာထားသတ်မှတ်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဦးစားပေးအကျိုးခံစားမှုများအလိုက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များဆိုင်ရာ “သေးငယ်၍ လှပသော” သက်မွေးဝမ်းကျောင်းစီမံကိန်း ၁,၀၀၀ ကို ပံ့ပိုးပေးမည်ဖြစ်သလို ဖလှယ်မှုနှင့် လေ့ကျင့်ရေးအစီအစဉ်များအတွက် တရုတ်နိုင်ငံသို့ အမျိုးသမီး ၅၀,၀၀၀ ကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
ထို့အတူ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်ရည်တည်ဆောက်မှု မြှင့်တင်ရေးစင်တာတစ်ခုကိုလည်း ထူထောင်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ထူးချွန်သော အမျိုးသမီးပညာရှင်များ ပိုမိုပျိုးထောင်နိုင်ရန် ဆက်စပ်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi announces measures to support global women’s cause
BEIJING, Oct. 13 (Xinhua) — Chinese President Xi Jinping on Monday announced a slew of measures to support the global women’s cause at the Global Leaders’ Meeting on Women.
Over the next five years, China will donate an additional 10 million U.S. dollars to UN Women, Xi said while addressing the opening ceremony of the meeting in Beijing.
Meanwhile, China will earmark 100 million dollars from the Global Development and South-South Cooperation Fund for cooperation with international organizations on projects to promote women’s and girls’ development, Xi said.
China will support 1,000 “small and beautiful” livelihood projects for women and girls as the priority beneficiaries, and invite 50,000 women to China for exchange and training programs, he said.
China will also establish a center dedicated to promoting global women’s capacity-building, through which it will carry out cooperation with relevant countries and international organizations to cultivate more outstanding female professionals, Xi said.
Photo: Chinese President Xi Jinping attends the opening ceremony of the Global Leaders’ Meeting on Women and delivers a keynote speech at the China National Convention Center in Beijing, capital of China, Oct. 13, 2025. (Xinhua/Liu Weibing)