China
အမျိုးသမီးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည့် အဆိုပြုချက်များကို သမ္မတရှီ ကြေညာ

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမျိုးသမီးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့်တင်မည့် အဆိုပြုချက် လေးရပ်အား အောက်တိုဘာ ၁၃ ရက်က အဆိုပြုကြေညာခဲ့ကြောင်း သိရသည်။
မြို့တော် ပေကျင်း၌ ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရှီက အမျိုးသမီးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ ရှုပ်ထွေးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့်အလျောက် ပိုမိုကျယ်ပြန့်သော တူညီဆန္ဒများကို စုစည်းရေး၊ ထိုအရေးကိစ္စအတွက် ပိုမိုကျယ်ပြန့်သော လမ်းကြောင်းများကို ဖွင့်လှစ်ကာ ပိုမိုလက်တွေ့ကျသော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရေးအတွက် ယင်းအဆိုပြုချက်များကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးနှင့် အမျိုးသမီးများ၏ဘဝ အရည်အသွေးမြင့်မားစွာ တိုးတက်ရေးအတွက် ခိုင်မာသော မောင်းနှင်အားများကို ဖြည့်တင်းပေးရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန် သမ္မတရှီက တိုက်တွန်းခဲ့သည်။
ထို့အတူ အမျိုးသမီးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးမည့် စီမံခန့်ခွဲမှု စံနမူနာအခင်းအကျင်းတစ်ခုကို အတူတကွဖော်ဆောင်ကာ တစ်ကမ္ဘာလုံးမှ အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရာတွင် စာမျက်နှာသစ်ဖွင့်လှစ်ရေးသားကြရန်လည်း ရှီက အဆိုပြုခဲ့သည်။ (Xinhua)
………………….
(English Version)
Xi puts forward proposals to advance women’s all-round development
BEIJING, Oct. 13 (Xinhua) — Chinese President Xi Jinping on Monday put forward four proposals to accelerate the process of women’s all-round development.
Addressing the opening ceremony of the Global Leaders’ Meeting on Women held in Beijing, Xi said that the proposals were introduced to build a wider consensus, open up broader pathways and take more practical actions for this cause, as women’s all-round development is still facing complex challenges.
The Chinese president called for joint efforts to nurture an enabling environment for women’s growth and development, and foster robust drivers for the high-quality advancement of women.
He also proposed jointly establishing a governance pattern to protect women’s rights and interests, and writing a new chapter in promoting global women’s cooperation.
English Caption
Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with the heads of foreign delegations and their spouses attending the Global Leaders’ Meeting on Women in Beijing, capital of China, Oct. 13, 2025. (Xinhua/Huang Jingwen)