China
အာရှတိုက်မှ အာဖရိကတိုက်အထိတိုင်အောင် အမျိုးသမီးများ စွမ်းဆောင်ရည်ကို တရုတ်နိုင်ငံက မည်သို့ ပံ့ပိုးကူညီသနည်း

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
“အမျိုးသမီးတွေက ရုပ်ပိုင်း စိတ်ပိုင်းပြည့်စုံကြွယ်ဝမှုရဲ့ ဖန်တီးသူတွေဖြစ်သလို လူမှုဖွံ့ဖြိုးမှုနဲ့ တိုးတက်မှု မောင်းနှင်ပေးတဲ့ အရေးပါတဲ့တွန်းအားအဖြစ်လည်း ကိုယ်စားပြုပါတယ်” ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တစ်ချိန်က ပြောကြားခဲ့ဖူးသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျား၊မတန်းတူညီမျှမှုနှင့် အမျိုးသမီးများစွမ်းဆောင်ရည်ဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအား ကြီးမှူးကျင်းပစဉ် ရှီက သဘောထားထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများ တိုးတက်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၌ တရုတ်နိုင်ငံ၏ ကတိပြုမှုကို ဖော်ပြခဲ့သည်။
လွန်ခဲ့သောဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အရေးပါသောကြိုးပမ်းဆောင်ရွက်မှုများ စွမ်းဆောင်ခဲ့သည်။ မြောက်မြားလှစွာသော တရုတ်အမျိုးသမီးများသည် ပညာရပ်ဆိုင်ရာနယ်ပယ်အမျိုးမျိုး၌ ထူးချွန်ထက်မြက်ကြသလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ ခွန်အားနှင့် ဉာဏ်ပညာဖြင့် အကျိုးထမ်းဆောင်ခဲ့ကြသလို အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ပိုမိုကောင်းမွန်သော ကာကွယ်မှုများ စွမ်းဆောင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘာ့နိုင်ငံများနှင့် အတူလက်တွဲဆောင်ရွက်လျက်ရှိသည်။ အာရှတိုက်မှ အာဖရိကတိုက်သို့တိုင်အောင် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်ရေးဆီသို့ ရည်မျှော်ကာ ကြိုးပမ်းဆောင်ရွက်သည့် စိတ်ဓာတ်ခွန်အားရဖွယ်လှုံ့ဆော်ပေးသော ဇာတ်လမ်းများကို ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများကဏ္ဍ တိုးတက်ရေးအား မြှင့်တင်ပေးလျက်ရှိပေသည်။
အမျိုးသမီးများ ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
စက်တင်ဘာလနှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၁၄ နှစ်အရွယ် အလီဖာချင်းန်သည် တတိယအကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ ၎င်း၏ တရုတ်နိုင်ငံသား သက်တူရွယ်တူများနှင့်အတူ တက္ကသိုလ်များသို့ သွားရောက်လည်ပတ်ကာ စိတ်ကူးအကြံဉာဏ်များကိုလည်း ဖလှယ်ခဲ့ကြပြီး ၎င်း၏အိပ်မက်များ ပြည့်ဝလာစေမည့် စိတ်ဓာတ်ခွန်အားနှင့် ခွန်အားစွမ်းရည်များလည်း စုစည်းရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ချင်းန်အား မွေးဖွားခဲ့ချိန်က ၎င်း၏မိခင်မှာ ပြင်းထန်သောနှလုံးရောဂါကြောင့် ကလေးမွေးဖွားရန်ခက်ခဲမှုရှိခဲ့သည်။ ထိုအချိန်တွင် တရုတ်ရေတပ်ဆေးရုံသင်္ဘော Peace Ark က ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများပေးရေး နိုင်ငံစုံမစ်ရှင် တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေခဲ့သည်။ ၎င်း၏ အရေးပေါ်အခြေအနေကို ကြားသိရပြီးနောက် သင်္ဘောပေါ်ရှိ တရုတ်ဆရာဝန်များသည် ၎င်း၏မိခင်အား ခွဲစိတ်မွေးဖွားပေးရန် ဒေသန္တရဆေးရုံသို ချက်ချင်းသွားရောက်ခဲ့ကြသည်။ မိခင်ရော ကလေးကိုပါ ကယ်တင်ပေးနိုင်ခဲ့သည်။
ချင်းန်၏ ဖခင်ဖြစ်သူ အန်ဝါ ဟိုဆန်က ဘင်္ဂလီဘာသာစကားတွင် “တရုတ်နိုင်ငံ” ဟု အဓိပ္ပါယ်ရသည့် “ချင်းန် Chin” ဟူသောနာမည်ကို ၎င်း၏ သမီးအား ကင်ပွန်းတပ်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင်မူ ချင်းန်သည် ၎င်းအား မွေးဖွားပေးခဲ့သော တရုတ်အမျိုးသမီးဆရာဝန် ဒေါက်တာ Sheng Ruifang နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ရင်းနှီးနွေးထွေးစွာ ပွေ့ဖက်လျက် မိန်းကလေးငယ်က အင်္ဂလိပ်ဘာသာဖြင့် “တရုတ်မေမေ” ဟု ခေါ်ဆိုခဲ့သည်။ ယင်းအခိုက်အတန့်မှစ၍ ဆရာဝန်တစ်ဦးဖြစ်ရေးအိပ်မက်မှာ ရင်တွင်း၌ အမြစ်တွယ်လာခဲ့သည်။ ဒေါက်တာ Sheng ကလည်း “တို့ရဲ့အတွေ့အကြုံတွေအားလုံး သမီးကို မျှဝေပေးချင်တာ” ဟု ၎င်းကို အားပေးခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7qj

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံမှ ပြန်ကြားစာကို ဖတ်နေသည့် အလီဖာချင်းန်ကို ၂၀၂၃ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရဝမ်ဒါနိုင်ငံ Huye ခရိုင်ရှိ တရုတ်-ရဝမ်ဒါ စိုက်ပျိုးရေးနည်းပညာသရုပ်ပြစင်တာတွင် သင်တန်းသားများကို ရှင်းပြနေသည့် တရုတ် Juncao ပညာရှင် Lin Hui ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Menoufia အုပ်ချုပ်ရေးနယ်မြေတွင် တိရစ္ဆာန်မွေးမြူရေးသင်တန်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားပြီးနောက် မွေးမြူရေးသင်တန်းတက်ရောက်နေသော အမျိုးသမီးများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
How China helps empower women from Asia to Africa
BEIJING, Oct. 12 (Xinhua) — “Women are creators of material and spiritual wealth, and represent an important force driving social development and progress,” Chinese President Xi Jinping once said.
Xi made the observation while chairing the Global Leaders’ Meeting on Gender Equality and Women’s Empowerment at the UN Headquarters in New York on Sept. 27, 2015, where he outlined China’s commitment to advancing women’s development and international cooperation.
Over the past decade, China has made significant strides in promoting the all-round development of women. Countless Chinese women are excelling in different domains, contributing their strength and wisdom to global peace and development, as well as to the better protection of women and children.
At the same time, China has joined hands with countries worldwide to empower women. From Asia to Africa, inspiring stories of shared efforts toward building a better world have accelerated the global advancement of the cause of women.
SAFEGUARDING HER WELL-BEING
In late September, 14-year-old Alifa Chin from Bangladesh visited China for the third time. She toured universities and exchanged ideas with her Chinese peers, gathering inspiration and energy to pursue her dreams.
When Chin was born in 2010, her mother suffered a difficult delivery due to a severe heart problem. At that time, the Chinese naval hospital ship Peace Ark was in Bangladesh as part of a multiple-country mission to provide free medical services to local people. Upon learning of the emergency, Chinese doctors aboard the ship rushed to the local hospital to perform a cesarean section on her mother. Both mother and daughter were saved.
The child’s father, Anwar Hossen, named his daughter “Chin,” meaning “China” in Bengali.
In 2017, Chin met Dr. Sheng Ruifang, a Chinese female doctor who had performed the surgery. As they embraced warmly, the young girl called out “Chinese mother” in English. From that moment, the dream of becoming a doctor took root. Dr. Sheng encouraged her, saying, “I am willing to share all my experience with you.” xhtxs.cn/7qj
Photo 1: Street banners for the Global Leaders’ Meeting on Women are pictured in Beijing, capital of China, on Oct. 11, 2025. (Xinhua/Ju Huanzong)
Photo 2: Alifa Chin reads a reply letter from Chinese President Xi Jinping in Dhaka, Bangladesh, on May 29, 2023. (Xinhua)
Photo 3: Chinese Juncao expert Lin Hui explains to trainees at the China-Rwanda Agriculture Technology Demonstration Center in Huye District, Rwanda, on July 17, 2025. (Photo by Huang Wanqing/Xinhua)
Photo 4: Women take a poultry farming training class after the launch ceremony of a poultry farming training program in Menoufia Governorate, Egypt, on Aug. 11, 2025. (Xinhua/Sui Xiankai)