China
တရုတ်နိုင်ငံတွင် ဓာတ်ဆီ၊ဒီဇယ်လက်လီစျေးနှုန်းများ လျှော့ချမည်

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မကြာသေးမီက နိုင်ငံတကာ လောင်စာဆီစျေးနှုန်းအပြောင်းအလဲများနှင့်ကိုက်ညီစေရန် အောက်တိုဘာ ၂၄ ရက်တွင် ၎င်း၏ ဓာတ်ဆီ၊ဒီဇယ်လက်လီစျေးနှုန်းများ လျှော့ချမည်ဖြစ်ကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့က အောက်တိုဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
ဓာတ်ဆီစျေးနှုန်းများအနေဖြင့် တစ်တန်လျှင် ၇၅ ယွမ်(အမေရိကန်ဒေါ်လာ ၁၀.၅၆ခန့်)နှင့် ဒီဇယ်စျေး တစ်တန်လျှင် ယွမ် ၇၀ လျှော့ချမည်ဖြစ်ကြောင်း အမျိုးသားဖွံဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်(NDRC) ၏ အဆိုအရသိရသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီသုံးခု ဖြစ်ကြသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း၊ China Petrochemical Corporation နှင့် တရုတ်နိုင်ငံကမ်းလွန်ရေနံကော်ပိုရေးရှင်းတို့နှင့် အခြားရေနံချက်စက်ရုံများအား တည်ငြိမ်သည့်ထောက်ပံ့မှုသေချာစေရန် သန့်စင်ပြီးရေနံထွက်ကုန်များ ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်မှု ထိထိရောက်ရောက်စီမံလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းသိရသည်။
တရုတ်နိုင်ငံ၏လက်ရှိ စျေးနှုန်းလုပ်ထုံးလုပ်နည်းအရ သန့်စင်ပြီးရေနံထွက်ကုန်စျေးနှုန်းများကို နိုင်ငံတကာ ရေနံစိမ်းစျေးနှုန်း အတက်အကျကိုအခြေခံကာ ချိန်ညှိလုပ်ဆောင်ကြောင်းသိရသည်။
ဒေသအသီးသီးရှိ ဆက်စပ်သည့် အစိုးရဌာနများသည် စျေးကွက်ကြီးကြပ်စစ်ဆေးမှု အားကောင်းအောင် လုပ်ဆောင်သင့်ပြီး တစ်ချိန်တည်းတွင် အမျိုးသားစျေးနှုန်းမူဝါဒချိုးဖောက်မှုများအပေါ်တွင် တင်းတင်းကျပ်ကျပ် အရေးယူနှိမ်နင်းမှုများလုပ်ဆောင်ကာ စျေးကွက်စနစ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း NDRC က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China to cut gasoline, diesel retail prices
BEIJING, Oct. 13 (Xinhua) — China will reduce its retail prices of gasoline and diesel on Tuesday to reflect recent changes in international oil prices, the country’s top economic planner said on Monday.
Gasoline prices will be cut by 75 yuan (about 10.56 U.S. dollars) per tonne, while diesel prices drop by 70 yuan per tonne, according to the National Development and Reform Commission (NDRC).
China’s three largest oil companies — China National Petroleum Corporation, China Petrochemical Corporation and China National Offshore Oil Corporation — along with other oil refineries, have been instructed to efficiently organize the production and transportation of refined oil products to ensure stable supply.
Under China’s current pricing mechanism, refined oil product prices are adjusted based on fluctuations in international crude oil prices.
Relevant government departments across regions should strengthen market supervision and inspections. Meanwhile, they must take stringent measures to crack down on activities violating national pricing policies and safeguard market order, the NDRC said.
Photo : A staff member prepares to refuel a vehicle at a gas station in Zaozhuang City, east China’s Shandong Province, June 28, 2022. (Photo by Sun Zhongzhe/Xinhua)