China
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နော်ဝေနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော ယိုနက်စ် ဂါစတိုးထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော ယိုနက်စ် ဂါစတိုးထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၁ ရက်က ပေးပို့ခဲ့သည့် ယင်းသဝဏ်လွှာ၌ လီက နော်ဝေနိုင်ငံမှာ ဥရောပတွင် တရုတ်နိုင်ငံ၏ အရေးပါသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အား အတူတကွဆင်နွှဲခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဝန်ကြီးချုပ် စတိုးမှာ တရုတ်နိုင်ငံသို့ အောင်မြင်သော တရားဝင်ခရီးစဉ် လာရောက်ခဲ့ကာ ထိုခရီးစဉ်အတွင်း နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘုံအလေးထားစရာ ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး အစိမ်းရောင်အသွင်ကူးပြောင်းမှု ဆွေးနွေးပွဲ စတင်ဖော်ဆောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်ဟု လီက ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်-နော်ဝေ ဆက်ဆံရေးကို အဆင့်သစ်ဆီသို့ မြှင့်တင်ရန်အတွက် အလွှာအသီးသီး၌ နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုများ ခိုင်ခိုင်မာမာရှိရေး၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု အခိုင်အမာတည်ဆောက်ရေးနှင့် ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု၊ သိပ္ပံပညာရပ်၊ ပညာရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများတွင် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နော်ဝေဝန်ကြီးချုပ် စတိုးနှင့်အတူ ဆက်လက် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟုလည်း လီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Chinese premier congratulates Norwegian PM on reelection
BEIJING, Oct. 14 (Xinhua) — Chinese Premier Li Qiang has congratulated Jonas Gahr Store on his reelection as Norwegian prime minister.
In his message sent on Saturday, Li said that Norway is China’s important cooperation partner in Europe. In 2024, as the two countries jointly celebrated the 70th anniversary of diplomatic ties, Prime Minister Store paid a successful official visit to China, during which the two sides held in-depth exchanges on bilateral relations and issues of common concern, and signed a joint statement on the establishment of dialogue on the green transition, Li added.
Li expressed his willingness to continue working with Store to strengthen the two countries’ exchanges at all levels, consolidate mutual political trust, and enhance communication and cooperation in economy and trade, investment, green transition, science, education and people-to-people exchanges, so as to lift China-Norway relations to a new height. Enditem