Connect with us

China

တရုတ်အမျိုးသမီးများက အာကာသစူးစမ်းလေ့လာမှုကို အဓိကကျသော အကျိုးထမ်းဆောင်မှုများဖြင့် ရှေ့ဆက်တွန်းအားပေး

ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာတွင် ရိုက်ကူးထားသောဓာတ်ပုံ၌ တရုတ်အာကာသယာဉ်မှူး ဝမ်ရာဖိန်က အာကာသစခန်း ပင်မမော်ဂျူး ထျန်းဟယ် အပြင်ဘက်တွင် အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှုများ (EVAs) လုပ်ဆောင်နေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အာကာသယာဉ်မှူးများမှ ဒီဇိုင်နာချုပ်များအထိ မျိုးဆက်သစ် ထူးချွန်သူများသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးကြိုးပမ်းမှုများကို အရေးပါသော အကျိုးထမ်းဆောင်မှုများဖြင့် ရှေ့ဆက်တွန်းအားပေးလျက်ရှိကာ သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုတွင် ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေး နိုင်ငံတော်အဆင့် မူဝါဒများဖြင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။
တရုတ်နိုင်ငံ၏ အာကာသစခန်းအတွင်း ဝင်ရောက်ခဲ့သည့် ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးဖြစ်သည့် ဝမ်ရာဖိန်၏ ဘဝဇာတ်ကြောင်းကလည်း ဆွေးနွေးစရာ စံနမူနာတစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံက ပထမဆုံး အာကာသယာဉ်မှူး ယန်လိဝေကို အာကာသအတွင်း ပို့ဆောင်ခဲ့ချိန် ၂၀၀၃ ခုနှစ်ကတည်းက ၎င်း၏ အာကာသအိပ်မက် အစပျိုးလာခဲ့ခြင်း ဖြစ်သည်။ “တီဗီပေါ်မှာ ဒုံးကျည်ရဲ့ တောက်ပတဲ့မီးတောက်ကို ကျွန်မ ကြည့်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲ ဒီစိတ်ကူးက လျှပ်တစ်ပြက်ပေါ်ပေါက်လာခဲ့တယ်။ အခု တရုတ်နိုင်ငံက အမျိုးသား အာကာသယာဉ်မှူး ရှိလာခဲ့ပြီ။ အမျိုးသမီးအာကာသယာဉ်မှူးကရော ဘယ်အချိန်ရှိလာနိုင်မလဲဆိုပြီးတော့ပေါ့” ဟု ဝမ်က ဆိုသည်။
ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဝမ်သည် ၂၀၁၃ ခုနှစ်တွင် ရှန်ကျိုး-၁၀ အာကာသမစ်ရှင်၏ အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာခဲ့ပေသည်။ တစ်ချိန်က ကျောင်းဆရာမတစ်ဦးအဖြစ် ရည်မှန်းထားခဲ့သော ဝမ်သည် ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်က အာကာသယာဉ်ပေါ်မှ တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသမှတိုက်ရိုက် သင်ကြားပို့ချမှုအဖြစ် မိနစ် ၄၀ ကြာ သင်ခန်းစာပို့ချခဲ့ရာ နိုင်ငံတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူ သန်း ၆၀ ကျော် တက်ရောက်ခဲ့ကြသည်။
ထိုသင်ခန်းစာ၏ သက်ရောက်မှုမှာ စာသင်ခန်းနောက်ဝယ်၌လည်း ဆက်လက်ရှိနေခဲ့သည်။ “ကလေးတွေနဲ့ လူငယ်တွေဆီက စာလွှာတွေအများကြီး လက်ခံရရှိခဲ့တယ်။ ယင်းတို့အနက် ပေဟန်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသူတစ်ဦးထံမှ စာလွှာမှာ ဝမ်အတွက် နှစ်သက်မှုအရှိဆုံးဖြစ်ကြောင်း သိရသည်။
ယင်းအမျိုးသမီးသည် ဝမ်က အာကာသမှနေ၍ gyroscope စည်းကမ်းချက်များ ရှင်းပြနေပုံကို ကြည့်ရှုပြီးနောက် ခြောက်နှစ်အကြာတွင် အဆိုပါ စာလွှာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် ဝမ်ကပို့ချသော သင်ခန်းစာကို ကြည့်ရှုပြီးနောက် ခြောက်နှစ်အကြာ၊ ၎င်း၏ တက္ကသိုလ်ဓာတ်ခွဲခန်းအတွင်း အလားတူစည်းမျဉ်းများ သင်ယူလေ့လာခဲ့ရပုံကိုလည်း ထိုစာလွှာထဲတွင် ထုတ်ဖော်ရေးသားခဲ့သည်။ “သိပ္ပံနည်းကျ မျိုးစေ့တွေစိုက်ပျိုးဖို့နဲ့ ကလေးငယ်တွေရဲ့ နှလုံးသားထဲမှာ အာကာသအိပ်မက်တွေအတွက် ကျွန်မတို့ရဲ့ အာကာသစာသင်ခန်းက တကယ့်ကိုအဓိပ္ပါယ်ပြည့်ဝပါတယ်” ဟု ဝမ်က ဆိုသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဝမ်သည် ရှန်ကျိုး-၁၃ မစ်ရှင်အတွင်း အာကာသယာဉ်ပြင်ပလုပ်ငန်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရာ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်သည့် ပထမဆုံး တရုတ်အမျိုးသမီး ဖြစ်လာခဲ့သည်။
အာကာသဆိုသည်မှာ အမျိုးသမီးများ ရောက်ရှိလာခြင်းကြောင့် ယင်း၏ ပတ်ဝန်းကျင် ပြောင်းလဲသွားခြင်း သို့မဟုတ် နိမ့်ကျသွားခြင်း ဘယ်သောအခါမျှ မရှိကြောင်း၊ အာကာသအတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းအနေဖြင့်လည်း အမျိုးသားများနှင့် အမျိုးသမီးများကြား သိသိသာသာ ကွဲပြားမှုများ မရှိကြောင်းကို ပျံသန်းရေးအချက်အလက်များက ပြည့်ဝစုံလင်စွာ ဖော်ပြထားကြောင်း ဝမ်က ဆိုသည်။
“ကျား၊မ တန်းတူညီမျှမှု အယူအဆက အာကာသပျံသန်းရေးမစ်ရှင် နှစ်ခု လုပ်ဆောင်ဖို့နဲ့ ကျွန်မရဲ့ အိပ်မက်တွေ ပြည့်မြောက်ဖို့ အခွင့်အလမ်း ပေးလိုက်တာပါပဲ” ဟု ဝမ်က မှတ်ချက်ပြုခဲ့သည်။ “စိတ်ကူးဉာဏ်ရှိတဲ့အတိုင်း လူလိုက်ပါနိုင်တဲ့ အာကာသပျံသန်းရေးမစ်ရှင်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်တော့မှာပါ။ အနာဂတ်မှာ လူသားတွေက ကျယ်ပြန့်ပြီး ရေရှည် အာကာသစူးစမ်းလေ့လာမှုတွေပေါ် အလွန်အ‌ရေးပါတဲ့ သက်ရောက်မှုရှိလာပါလိမ့်မယ်”
ထို့ပြင် ဝမ်ကဲ့သို့ပင် အာကာသယာဉ်မှူးများနောက်ဝယ် အခိုင်အမာ ရပ်တည်နေသည့် နောက်ထပ်အမျိုးသမီး တစ်ဦးမှာ တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအစီအစဉ်၏ အာကာသယာဉ်မှူးစနစ်၏ ဒီဇိုင်နာချုပ် ဟွမ်ဝေဖန်း ဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်ကို တရားဝင်ခွင့်ပြုချိန်က အာကာသယာဉ်မှူးများအား ‌ရွေးချယ်ခြင်းနှင့် လေ့ကျင့်ပေးခြင်း တာဝန်မှာ ထိုစဉ်က အသက် ၂၈ နှစ်အရွယ်သာရှိသေးသော ဟွမ်ထံ ရောက်ရှိလာခဲ့သည်။ လေ့လာလုပ်ဆောင်ရန် စနစ်မရှိခဲ့သော်ငြားလည်း ဟွမ်သည် တရုတ်နိုင်ငံ၏ အာကာသယာဉ်မှူးအား ပထမဆုံး ဘက်စုံလေ့ကျင့်ရေးအစီအစဉ်ကို အချိန်သုံးလတည်းဖြင့် ဒီဇိုင်းရေးဆွဲနိုင်ခဲ့ရာ ထိုစီမံချက်က ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံ၏ အာကာသယာဉ်မှူး ပြင်ဆင်ရေး ကြိုးပမ်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7to

ရှန်ကျိုး-၁၀ အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးဖြစ်သော အမျိုးသမီးအာကာသယာဉ်မှူး ဝမ်ရာဖိန်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Renmin University of China ၏ မိတ်ဖက်အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ မေးခွန်းများကို ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်က ဖြေကြားနေစဉ် (ဆင်ဟွာ)

ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးတစ်ဦးဖြစ်သော တရုတ်အာကာသယာဉ်မှူး လျိုယန်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)

………………………
(English Version)
Chinese women forge key contributions to space exploration
BEIJING, Oct. 14 (Xinhua) — A new generation of female talent, from astronauts to chief designers, is forging crucial contributions to China’s space exploration endeavors, supported by national policies promoting gender equality in sci-tech innovation.
The story of Wang Yaping, the first female astronaut to enter China’s space station, is a case in point. Her space dream was ignited in 2003 when China sent its first taikonaut Yang Liwei into space. “I watched the bright rocket flame on TV, and an idea flashed through my mind — China now has a male taikonaut, when will there be a female one?” Wang said.
Through arduous efforts, she became a crew member of the Shenzhou-10 space mission in 2013. Wang, who once dreamed of being a teacher, delivered a 40-minute open class, China’s first live space lecture, from the spaceship on June 20, 2013 — to over 60 million students nationwide.
The impact of that lesson extended far beyond the classroom. “I’ve received many letters from children and young people. One that impressed me most was from a Beihang University postgraduate,” she recalled.
This letter was written by a woman six years after she watched Wang explaining gyroscope principles from space. The woman revealed in the letter that she was studying the same principles in her university laboratory, six years after seeing Wang delivering her class. “This is the very meaning of our space class — to plant the seeds of scientific and space dreams in children’s hearts,” Wang said.
In November 2021, meanwhile, Wang’s extravehicular activities during the Shenzhou-13 mission made her the first Chinese female to conduct a spacewalk.
Wang said that space has never changed its environment or lowered its threshold because of the arrival of women — and that ample flight data show that there are no significant differences between males and females in their ability to adapt and work in space.
“It is the concept of gender equality that has given me the opportunity to carry out two space flight missions and realize my dreams,” Wang noted. “It is conceivable that more and more women will participate in manned spaceflight missions. It will have a very important impact on the large-scale and long-term human exploration of space in the future.”
Standing firmly behind astronauts like Wang is another woman — Huang Weifen, chief designer of the China manned space program’s astronaut system.
In 1992, when China’s manned space program was officially approved, the task of selecting and training astronauts fell to the then 28-year-old Huang. With no existing system to follow, she designed China’s first comprehensive astronaut training plan in just three months — a blueprint that laid the foundation for the nation’s astronaut preparation efforts for over two decades. xhtxs.cn/7to
Photo 1: Screen image taken at Beijing Aerospace Control Center on Nov. 7, 2021 shows Chinese taikonaut Wang Yaping conducting extravehicular activities (EVAs) out of the space station core module Tianhe. (Photo by Guo Zhongzheng/Xinhua)
Photo 2: A student asks questions to the female astronaut Wang Yaping, one of the three crew members of Shenzhou-10 spacecraft, at the High School Affiliated to Renmin University of China, in Beijing, capital of China, June 20, 2013. (Xinhua/Wang Yongzhuo)
Photo 3: Chinese astronaut Liu Yang, a Shenzhou-14 crew member, attends a press conference in Beijing, capital of China, Feb. 17, 2023. (Xinhua/Guo Zhongzheng)