China
တရုတ်နိုင်ငံ၏ NEV ထုတ်လုပ်မှုနှင့်ရောင်းချမှု ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း တစ်ဟုန်ထိုးတက်လာ

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏စွမ်းအင်သစ်သုံးမော်တော်ယာဥ် (NEV) ကဏ္ဍတွင် ယခုနှစ် ပထမ ၉ လအတွင်း ထုတ်လုပ်မှုနှင့် ရောင်းချမှုအားကောင်းသည့်အရှိန်အဟုန်ကို ဆက်ထိန်းသိမ်းထားနိုင်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် စက်မှုလုပ်ငန်းအချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ သတင်းထုတ်ပြန်ချက်အရ NEV ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၃၅.၂ ရာခိုင်နှုန်းမြင့်တက်လာပြီး ပထမသုံးလပတ်အတွင်း အစီးရေ ၁၁.၂၄ သန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း အစီးရေ ၁၁.၂၃ သန်းနီးပါး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၃၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ NEV ရောင်းချမှုသည် တရုတ်နိုင်ငံ၌ မော်တော်ယာဥ် စုစုပေါင်းရောင်းချမှု၏ ၄၆.၁ ရာခိုင်နှုန်းရှိကြောင်း CAAM အချက်အလက်များက ပြသခဲ့သည်။
ကားဟောင်းကားသစ် လဲလှယ်နိုင်သည့်အစီအစဥ်များ၊ ဒေသတွင်းကားပြပွဲများနှင့် အားကောင်းသည့် ထုတ်ကုန်သစ်များကြောင့် တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းသည် အဆိုပါကာလအတွင်း အားကောင်းသော ထုတ်လုပ်မှုနှင့်ရောင်းချမှုကိုထိန်းသိမ်းထားနိုင်ခဲ့ကြောင်း CAAM ၏ အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မော်တော်ကား စုစုပေါင်းထုတ်လုပ်မှု အစီးရေ ၂၄.၃၃ သန်းကိုရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၃.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ရောင်းချမှုတွင်လည်း ၁၂.၉ ရာခိုင်နှုန်းတိုးလာကာ အစီးရေ ၂၄.၃၆ သန်း ရှိခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံမော်တော်ကား တင်ပို့မှုတွင် တည်ငြိမ်သောကြီးထွားမှုအရှိန်ကိုထိန်းသိမ်းထားခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၁၄.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ အထူးသဖြင့် NEV တင်ပို့မှုသည် ၈၉.၄ ရာခိုင်နှုန်း တစ်ရှိန်ထိုးတက်လာကာ အစီးရေ ၁.၇၆ သန်းအထိ ရှိခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်သည့်အချက်အလက်များက ပြသခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ်အလယ်ပိုင်း ဝူဟန့်မြို့ ဝူချန်းခရိုင်ရှိ စျေးဝယ်စင်တာတစ်ခုတွင် စွမ်းအင်သစ်သုံးမော်တော်ယာဥ်၏လုပ်ဆောင်မှုကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အရောင်းဝန်ထမ်းတစ်ဦးက မိတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်ရှိ ဆိပ်ခံတံတားတစ်ခု၏ ကားရပ်နားရာနေရာတွင် ပို့ဆောင်မည့်မော်တော်ယာဥ်များအသင့်ဖြစ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
…………………..
(English Version)
China’s NEV output, sales surge in first 9 months of 2025
BEIJING, Oct. 14 (Xinhua) — China’s new energy vehicle (NEV) sector maintained strong momentum in production and sales in the first nine months of the year, according to industry data released Tuesday.
NEV production jumped 35.2 percent year on year to 11.24 million units during the first three quarters, as reported by the China Association of Automobile Manufacturers (CAAM).
Sales during the same period climbed 34.9 percent year on year to nearly 11.23 million units, accounting for 46.1 percent of total vehicle sales in China, CAAM data showed.
According to the CAAM data, China’s auto industry maintained robust production and sales during the period, driven by trade-in programs, local auto shows, and intensive new product launches.
Total auto output reached 24.33 million units in the period, marking a 13.3 percent year-on-year increase, while sales grew 12.9 percent to 24.36 million units.
Tuesday’s data also showed that China’s auto exports maintained steady growth momentum, with a 14.8 percent year-on-year increase. Notably, NEV exports surged 89.4 percent year on year to 1.76 million units.
Photo (1) -Customers view new energy vehicles at a shopping mall in Wuchang District of Wuhan City, central China’s Hubei Province, on Oct. 14, 2025. (Photo by Zhao Jun/Xinhua)
Photo (2)- A salesperson introduces performance of a new energy vehicle to customers via live-streaming at a shopping mall in Wuchang District of Wuhan City, central China’s Hubei Province, on Oct. 14, 2025. (Photo by Zhao Jun/Xinhua)
Photo : An aerial drone photo taken on Oct. 14, 2025 shows cars ready for transportation parking at a wharf in Lianyungang, east China’s Jiangsu Province. (Photo by Wang Chun/Xinhua)