Connect with us

China

တရုတ်နိုင်ငံတွင် e-SIM ဖုန်းဝန်ဆောင်မှုပေးခြင်းကို နိုင်ငံတစ်ဝန်း စတင်လုပ်ဆောင်

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ဝူဟန့်မြို့၌ ပြုလုပ်ခဲ့သည့် တရုတ် 5G+စက်မှု လုပ်ငန်းဆိုင်ရာအင်တာနက်ကွန်ဖရင့် ကျင်းပသောနေရာကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဓိကဆက်သွယ်ရေးအော်ပရေတာသုံးခုဖြစ်သည့် China Telecom၊ China Mobile နှင့် China Unicom တို့က နိုင်ငံတစ်ဝန်း e-SIM ဖုန်းဝန်ဆောင်မှုပေးခြင်းကို တရားဝင်စတင် လုပ်ဆောင် လိုက်ပြီဖြစ်ကြောင်းသိရသည်။
China Telecom ၏အဆိုအရ လက်ရှိတွင် တစ်နိုင်ငံလုံးအနှံ့ e-SIM ဖုန်းဝန်ဆောင်မှုများကို အသုံးပြု၍ ရရှိနေပြီဖြစ်ကြောင်း သိရသည်။ e-SIM သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ရန် သက်ဆိုင်ရာစတိုးဆိုင်များ၌ Activate ပြုလုပ်နိုင်သကဲ့သို့ Activation ပြုလုပ်ရန်အတွက် သတ်မှတ်ထားသောစတိုးဆိုင်များသို့ မသွားရောက်မီ ကုမ္ပဏီ၏ အပလီကေးရှင်းမှတစ်ဆင့် ကြိုတင် မှာယူမှုများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။ China Mobile ကမူ စမတ်ဖုန်းများအတွက်သာမက စမတ်နာရီများ၊ တက်ဘလက်များနှင့် ကားအတွင်းခန်းသုံး စက်ပစ္စည်းများအတွက်လည်းပါဝင်သော ထုတ်ကုန်မျိုးစုံအတွက် e-SIM ဝန်ဆောင်မှုများ ပေးထားကြောင်း ပြောကြားခဲ့သည်။
e-SIM ဖုန်းဝန်ဆောင်မှုသည် ပုံမှန်ဆင်းမ်ကတ် (Physical Sim) တစ်ခု၏ ဝန်ဆောင်မှုများကို ဖုန်း၏ ချိ(ပ်စ်) (Chip) တွင် ပေါင်းစပ်ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။ e-SIM ကို အသုံးပြုသူ များအနေဖြင့် Physical ဆင်းမ်ကတ်ကို ဖုန်းအတွင်းသို့ ထည့်သွင်းစရာမလိုဘဲ ၎င်းတို့၏ ဖုန်းနံပါတ်များကို အဝေးမှဒေါင်းလုတ်ပြုလုပ်ပြီး ဖုန်းရှိ e-Sim ၏ ချိ(ပ်စ်) အတွင်းသို့ ရေးထည့်နိုင်ကြောင်း သိရသည်။ e-SIM ဖုန်းအသုံးပြုသူများသည် သမားရိုးကျဆင်းမ်ကတ်သုံးဖုန်းများကဲ့သို့ပင် စကားပြောဆိုဆက်သွယ်မှုများ၊ မိုဘိုင်းဒေတာအသုံးပြုမှုများနှင့် စာတိုပေးပို့မှုများကဲ့သို့သော တူညီသည့်လုပ်ဆောင်မှုများကို ပြုလုပ်နိုင်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China rolls out eSIM phone services nationwide
BEIJING, Oct. 14 (Xinhua) — China’s three major telecom operators — China Telecom, China Mobile and China Unicom — have officially launched eSIM phone services nationwide.
According to China Telecom, eSIM phone services are now available across the country. Consumers can activate the services at physical stores or make online reservations via the company’s app before visiting a designated store for activation.
China Mobile said it will offer eSIM services to a full suite of products, covering not only smartphones but also smartwatches, tablets and in-vehicle devices.
The eSIM phone service integrates the functions of a physical SIM card into a phone’s built-in chip. Without inserting a physical SIM card, users of eSIM-enabled phones can have their mobile numbers remotely downloaded and written into the phone’s eSIM chip. eSIM phones offer the same functions as traditional SIM card phones, including voice calls, mobile data and text messaging services. ■
Photo
Photo taken on Nov. 20, 2021 shows the venue of China 5G+ Industrial Internet Conference in Wuhan, central China’s Hubei Province. (Photo by Wu Zhizun/Xinhua)