China
တရုတ်နိုင်ငံသို့ တတိယသုံးလပတ်အတွင်း ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်မှု ၄၈.၃ ရာခိုင်နှုန်းမြင့်တက်လာ

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ ၂၀၂၅ ခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ နိုင်ငံခြားသား လာရောက်လည်ပတ်သူ ၇.၂၄၆ သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၄၈.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(NIA)က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ ပြည်ပနိုင်ငံများမှ ဝင်ရောက်သူ စုစုပေါင်း၏ ၇၂.၂ ရာခိုင်နှုန်းသည် ဗီဇာကင်းလွတ်ခွင့်ဝင်ရောက်သူများဖြစ်ကြောင်း NIA က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗီဇာကင်းလွတ်ခွင့်မူဝါဒများကို တိုးချဲ့လျက်ရှိသည်။ နိုင်ငံပေါင်း ၇၆ နိုင်ငံမှ ခရီးသွား ဧည့်သည်များသည် ယခုအခါ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် အကျိုးကျေးဇူး ရရှိနိုင်ပြီဖြစ်ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံမှ နိုင်ငံသားများအတွက် တရုတ်နိုင်ငံမှ တစ်ဆင့် တတိယနိုင်ငံတစ်ခုသို့ ခရီးမဆက်မီ ခရီးတစ်ထောက်နား ဗီဇာကင်းလွတ်ခွင့် ၁၀ ရက်အထိ ဝင်ရောက် လည်ပတ်ခွင့်ပြုထားကြောင်းသိရသည်။ (Xinhua)
……….
(English Version)
China records 48.3 pct growth in visa-free entries in Q3
BEIJING, Oct. 16 (Xinhua) — Foreign nationals made 7.246 million visits to China in the third quarter of 2025 under visa-free policies, marking a 48.3 percent year-on-year increase, the National Immigration Administration (NIA) said on Thursday.
Visa-free entries accounted for 72.2 percent of all entries made by foreign nationals, the NIA said.
China has expanded its visa-free travel policies. Tourists from 76 countries are now able to benefit from unilateral or mutual visa-free entry, while citizens of 55 countries can visit China in transit visa-free for up to 10 days, before traveling on to a third destination.
Photo : Inbound passengers line up to go through border inspection procedures at Haikou Meilan International Airport in Haikou, south China’s Hainan Province, Oct. 15, 2025. (Xinhua/Yang Guanyu)