Connect with us

China

တရုတ် PLA ရေတပ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ‌ဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်းကို ဖြတ်သန်းခုတ်မောင်းနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘော ချီးကျိကွမ်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

SATTAHIP ၊ ထိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ် PLA ရေတပ်၏ ၈၃ ခုမြောက် အထူးတပ်ဖွဲ့သည် ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီပြည်နယ်ရှိ Sattahip ရေတပ်စခန်းသို့ အောက်တိုဘာ ၁၆ ရက်က ရောက်ရှိလာပြီး လေးရက်ကြာ ချစ်ကြည်ရေးခရီး စတင်ခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘောများဖြစ်သည့် ချီးကျိကွမ်းနှင့် ရီမုန်ဆန်းတို့ပါဝင်သော အထူးတပ်ဖွဲ့သည် Chuk Samet ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သည်။
သင်္ဘောများအား ကြိုဆိုနှုတ်ဆက်သူများထဲတွင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianwei လည်း ပါဝင်ခဲ့သည်။
ယခုအကြိမ်သည် ချီးကျိကွမ်းသင်္ဘောအတွက် ထိုင်းနိုင်ငံသို့ တတိယအကြိမ်မြောက် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခြင်းဖြစ်ပြီး ရီမုန်ဆန်းသင်္ဘောအတွက်မူ ပထမဆုံးဖြစ်သည်။ ၎င်းသင်္ဘောများ၏ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း သင်္ဘောသားများက ထိုင်းရေတပ်၏ HTMS Chakri Naruebet လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်ဘက်ဆိုင်ရာ အဆောက်အအုံများသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ ထို့ပြင် ထိုင်းတော်ဝင်ရေတပ် အကယ်ဒမီသို့လည်း သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ‌ဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်းကို ဖြတ်သန်းခုတ်မောင်းနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘော ရီမုန်ဆန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Chinese PLA Navy ships arrive in Thailand for goodwill visit
SATTAHIP, Thailand, Oct. 16 (Xinhua) — The Chinese PLA Navy’s 83rd taskforce arrived in Sattahip naval base in eastern Thailand’s Chonburi province on Thursday, starting a four-day goodwill visit to the country.
The taskforce, consisting of Chinese People’s Liberation Army (PLA) Navy ships Qi Jiguang and Yimengshan, docked at Chuk Samet port.
Chinese Ambassador to Thailand Zhang Jianwei was among those greeting the ships.
This was the third visit of Qi Jiguang ship to Thailand, and the first for Yimengshan ship. During their stay, crew members will visit the Thai navy’s HTMS Chakri Naruebet aircraft carrier and other military facilities. They will also visit the Royal Thai Naval Academy. ■
English Caption 1
Chinese People’s Liberation Army (PLA) Navy ship Qi Jiguang passes by Victoria Harbor in Hong Kong, south China, on Sept. 30, 2025. (Xinhua/Chen Duo)
English Caption 2
Chinese People’s Liberation Army (PLA) Navy ship Yimengshan passes by Victoria Harbor in Hong Kong, south China, on Sept. 30, 2025. (Xinhua/Chen Duo)