China
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းက အက်ပဲလ်စီအီးအို တင်ကွတ်ခ်ကို လက်ခံတွေ့ဆုံ

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ဝန်ထောင်းက အက်ပဲလ် လုပ်ငန်းစု စီအီးအို တင်ကွတ်ခ်ကို အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တော်တွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော ကြေညာချက် တစ်ခုအရသိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးနှင့် တရုတ်နိုင်ငံရှိ အက်ပဲလ်၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အကြောင်းအရာခေါင်းစဉ်များစွာ အပေါ်၌ နှစ်ဖက်အမြင်ချင်း အပြန်အလှန်ဖလှယ်ခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များအကြား တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်မှုရစေရန်ရည်ရွယ်ပြီး လွန်ခဲ့သည့်မေလကတည်းကစ၍ တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဝမ်က အလေးထားပြောကြားခဲ့သည်။
တန်းတူညီမျှ စကားပြောဆိုဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုမှတစ်ဆင့် အငြင်းပွားမှုများကို ပြေလည် အောင်ဖြေရှင်းနိုင်မည့်နည်းလမ်းများရှာဖွေရန်၊ နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်း ဆောင်ရွက်ရန် ပို၍တည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်မျိုးကို ပံ့ပိုးပေးရန် စသည်တို့တွင် နှစ်နိုင်ငံအကြီးအကဲများအကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုအတွင်းရရှိခဲ့သော အရေးပါသည့်သဘောတူညီမှုများ၏ လမ်းညွှန်မှုနှင့်အညီ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုနှင့် နိုင်ငံ၏ စီးပွားရေးဆိုင်ရာပတ်ဝန်းကျင် စဉ်ဆက်မပြတ်တိုးတက်စေရန်၊ တရုတ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုအခွင့်အလမ်းများတွင် ပြည်ပစီးပွားရေးလုပ်ငန်းများ မျှဝေပါဝင်နိုင်အောင်လုပ်ဆောင်ရန် စသည့်အချက်များကိုလည်း စွဲမြဲစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အက်ပဲလ်အကြား နက်ရှိုင်းသည့်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန်နှင့် တရုတ်နိုင်ငံအတွင်း အက်ပဲလ်၏ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ပြုလုပ်ရန်အတွက်လည်း အက်ပဲလ် လုပ်ငန်းစုကို ဝန်ကြီးဝမ်က လက်ခံကြိုဆိုခဲ့သည်။
တင်ကွတ်ခ်ကလည်း အက်ပဲလ်အနေဖြင့် တရုတ်နိုင်ငံအတွင်း ၎င်းတို့၏ ပတ်သက်လှုပ်ရှားမှုများကို နက်ရှိုင်းစွာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု များတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ကုန်သွယ်စီးပွားဆက်ဆံရေး အားကောင်းခိုင်မာခြင်းမှာ နှစ်နိုင်ငံစလုံးအတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြီးမားကျယ်ပြန့် စွာ အရေးပါကြောင်း တင်ကွတ်ခ်က အလေးပေးပြောကြားခဲ့သည်။ အလားတူ အက်ပဲလ်လုပ်ငန်းစု အနေဖြင့် တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံအကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရေးအတွက် အပြုသဘောဆောင်သည့် ကူညီထောက်ပံ့မှုများပြုလုပ်ရန် အဆင်သင့်ရှိကြောင်းလည်း ကွတ်ခ်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Chinese commerce minister meets with Apple CEO Tim Cook
BEIJING, Oct. 16 (Xinhua)
Chinese Commerce Minister Wang Wentao met with Apple CEO Tim Cook in Beijing on Thursday, according to a statement released by the Ministry of Commerce.
During the meeting, the two sides exchanged views on topics including China-U.S. economic and trade relations and Apple’s business development in China.
Under the strategic guidance of the heads of state of China and the U.S., economic and trade teams from the two countries have held four rounds of talks since May, aiming to stabilize China-U.S. economic and trade relations, Wang noted.
China hopes that the U.S. will work with China, guided by the important consensus reached during a phone call between the two heads of state, to seek ways to address issues through equal dialogue and consultation, and to provide a more stable, predictable environment for enterprises from both countries to cooperate.
The Chinese government will steadfastly pursue high-level opening-up and continuously improve the country’s business environment, enabling foreign enterprises to share in China’s development opportunities.
He welcomed Apple to continue deepening its cooperation with China, and to increase its investment in the country.
Apple will continue to deepen its engagement in China and actively participate in China’s high-quality development, Cook said.
A sound U.S.-China economic and trade relationship is of great significance not only to both countries but also to global economic stability and development, he noted, adding that Apple stands ready to make positive contributions to promoting win-win cooperation between China and the United States. ■
Photo:
China’s Commerce Minister Wang Wentao speaks at a press conference held by the State Council Information Office (SCIO) in Beijing, capital of China, July 18, 2025. (Xinhua/Jin Liangkuai)