China
တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်လေယာဉ်များအား ဟွမ်ရန်သောင်ဝေဟင်မှ သတိပေးနှင်ထုတ်

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကမ်းခြေစောင့်တပ် (CCG) သည် အောက်တိုဘာ ၁၆ ရက်တွင် ဥပဒေနှင့် စည်းမျဉ်းများနှင့်အညီ ဖိလစ်ပိုင်လေယာဉ်နှစ်စင်းကို တရုတ်၏ ဟွမ်ရန်သောင်ဝေဟင်မှ ခြေရာခံ စောင့်ကြည့်ကာ သတိပေးနှင်ထုတ်ခဲ့သည်။
မကြာသေးမီက ဖိလစ်ပိုင်သည် အခြေအမြစ်မရှိသော အကြောင်းပြချက်အမျိုးမျိုးဖြင့် ဟွမ်ရန်သောင်ကျွန်းအနီး ရေပိုင်နက်နှင့် ဝေဟင်အနီးသို့ လေယာဉ်များ မကြာခဏ စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိပါးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် ရန်စမှုများ ပြုလုပ်နေကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ လျိုတယ်ကျွင်း က ပြောကြားခဲ့သည်။
လျို က ဖိလစ်ပိုင်အား ၎င်း၏ ထိပါးမှု၊ ရန်စမှု၊ လှုံ့ဆော်မှုနှင့် ချဲ့ကားပြောဆိုမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
ဟွမ်ရန်သောင်ကျွန်းသည် တရုတ်နိုင်ငံ၏ ရှိရင်းစွဲနယ်မြေဖြစ်ကြောင်း လျို က အလေးပေးပြောကြားခဲ့ပြီး CCG အနေဖြင့် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပိုင်နက်အတွင်း အခွင့်အရေး ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကာ အမျိုးသားပိုင်နက်နယ်မြေ အချုပ်အခြာအာဏာ၊ ပင်လယ်သမုဒ္ဒရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မာစွာ စောင့်ရှောက်ကာကွယ်သွားမည်ဟု အလေးထားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China Coast Guard warns off Philippine aircraft from Huangyan Dao airspace
BEIJING, Oct. 16 (Xinhua) — The China Coast Guard (CCG) on Thursday tracked, monitored and warned off two Philippine aircraft from the territorial airspace over China’s Huangyan Dao, in accordance with the law and regulations.
Recently, the Philippine side has been frequently dispatching aircraft to approach the sea and airspace near Huangyan Dao under various unfounded pretexts, engaging in provocations that seriously infringe upon China’s sovereignty and undermine regional peace and stability, said CCG spokesperson Liu Dejun.
Liu urged the Philippines to immediately cease its infringements, provocations, agitation and hyping.
Stressing that Huangyan Dao is China’s inherent territory, Liu said the CCG will continue to carry out rights protection and law enforcement operations in waters under China’s jurisdiction to firmly safeguard national territorial sovereignty and maritime rights and interests. ■
English Caption
An aerial drone photo taken on Sept. 10, 2024 shows China Coast Guard (CCG) vessel Sifang patrolling in waters adjacent to China’s Huangyan Dao. (Xinhua/Cao Yiming)