China
တရုတ်နိုင်ငံက ဂြိုဟ်တုအုပ်စုသစ် အောင်မြင်စွာ လွှတ်တင်

ထိုက်ယွမ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်တစ်ခုကို အောက်တိုဘာ ၁၇ ရက်က အာကာသထဲသို့ လွှတ်တင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် စီးပွားဖြစ်ဂြိုဟ်တုကွန်ရက်ဖြစ်သော Spacesail ဂြိုဟ်တုအစုအဝေး ပါဝင်သည့် အဆိုပါဂြိုဟ်တုအုပ်စုကို ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် (ပေကျင်းစံတော်ချိန်) မွန်းလွဲ ၃ နာရီ ၈ မိနစ်၌ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုအုပ်စုမှာ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
ထိုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၀၁ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
China successfully launches new satellite group
TAIYUAN, Oct. 17 (Xinhua) — China sent a new satellite group into space on Friday from the Taiyuan Satellite Launch Center in north China’s Shanxi Province.
The satellite group, which will constitute the Spacesail Constellation — a commercial Chinese low-orbit satellite network, was launched at 3:08 p.m. (Beijing Time) aboard a modified Long March-6 carrier rocket and entered its preset orbit successfully.
This launch marked the 601st flight mission of the Long March carrier rocket series. ■
English Caption
A modified Long March-6 carrier rocket carrying a new satellite group blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province on Oct. 17, 2025. (Photo by Wang Yapeng/Xinhua)