Connect with us

China

တရုတ်နိုင်ငံက နိုင်ငံခြားသားဧည့်သည်များအတွက် အဆင်ပြေချောမွေ့ရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့ရှိ ကျန်းကျားကျဲ့အမျိုးသားသဘာဝ သစ်တောဥယျာဥ်သို့ လာရောက်လည်ပတ်ကြသော ခရီးသွားများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် အမျိုးမျိုးသော အဆင်ပြေချောမွေ့ရေးအစီအမံများကို တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အောက်တိုဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ ၂၀၂၅ ခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော နိုင်ငံခြားသား ၇.၂၄၆ သန်းရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၄၈.၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (NIA) က အောက်တိုဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံခြားသားမိတ်ဆွေများက တရုတ်ပြည်သူများ၏ လူမှုဘဝများကို အနီးကပ်ခံစားတွေ့ကြုံ နိုင်ပြီဖြစ်ကြောင်း၊ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းများကိုလည်း ကြည့်ရှုခံစားနိုင်ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ နေ့စဉ်ဘဝရင်ခုန်သံကိုလည်း ခံစားနိုင်ပြီဖြစ်ကာ ဘက်ပေါင်းစုံမှ တိုးတက်နေသော တရုတ်နိုင်ငံကို အမှန်အတိုင်း မြင်တွေ့လာကြပြီဖြစ်ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းလာသည့်ဆက်စပ်မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ လျင်ကျန့်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဆင့်မြင့်တံခါးဖွင့်လှစ်ရေး လျှောက်လှမ်းမှုတွင် နိုင်ငံ၏ မယိမ်းယိုင်သော တွန်းအားပေးမှုကြောင့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အနေဖြင့်လည်း တရုတ်နိုင်ငံကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေနိုင်မည်ဖြစ်ကြောင်း လျင်ကျန့်က ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့လာရောက်မည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ပိုမိုကြိုဆိုနိုင်ရေးအတွက် ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့် အမျိုးမျိုးသော ပံ့ပိုးကူညီမှု အစီအမံများကို တရုတ်နိုင်ငံက ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျင်ကျန့်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
China to advance facilitation measures for foreign visitors: FM spokesperson
BEIJING, Oct. 17 (Xinhua)
China will continue to advance various facilitation measures for international visitors, foreign ministry spokesperson Lin Jian said on Friday.
The National Immigration Administration revealed on Thursday that foreign nationals had made 7.246 million visits to China in the third quarter of 2025 under visa-free policies — marking a 48.3 percent year-on-year increase.
Foreign friends are now able to experience the lives of Chinese people up close, appreciate stunning natural scenery, and feel the pulse of everyday life in China, thereby getting to see the true, multi-dimensional and progressing China, Lin said at a regular news briefing in response to a related question.
He added that a growing number of visitors are able to have a deeper understanding of China because of the country’s unwavering push in pursuit of high-level opening up.
China will continue to advance various facilitation measures and improve services in a bid to welcome more international travelers to China, Lin said. ■
Photo
Tourists visit the Zhangjiajie National Forest Park in Zhangjiajie, central China’s Hunan Province, on Jan. 3, 2024. (Photo by Wu Yongbing/Xinhua)