China
တရုတ်နိုင်ငံကိုက လန်ဒန် ကမ္ဘာ့ခရီးသွားစျေးကွက်ပြပွဲတွင် စံချိန်ချိုးဖျက်နိုင်သည့် ပါဝင်ပြသမှု ပြုလုပ်နိုင်တော့မည်

လန်ဒန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
လာမည့်နိုဝင်ဘာလအတွင်း လန်ဒန်မြို့၌ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားစျေးကွက်ပြပွဲ (WTM) တွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က မကြုံစဖူးပါဝင်ပြသမှုနှင့် ပြပွဲနေရာအကျယ်အဝန်းအပါအဝင် စံချိန်မှတ်တမ်းများကို ချိုးဖျက်နိုင်သည့် ပါဝင်ပြသမှုတစ်ခုပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း လန်ဒန် အခြေစိုက် တရုတ်အမျိုးသားကမ္ဘာလှည့်ခရီးသွားဧည့်သည်ရုံး (CNTO) က အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အတွင်းကျင်းပမည့်ပြပွဲတွင် တရုတ်နိုင်ငံမှ ယဉ်ကျေးမှုဆိုင်ရာနှင့် ခရီးသွား လုပ်ငန်း ၅၆ ခုနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ပေါင်း ၁၃၀ ကျော် ပါဝင်ပြသကြမည်ဖြစ်ကြောင်း အတည်ပြု ထားပြီးဖြစ်သည်။ ထို့ကြောင့် လန်ဒန် WTM ပြပွဲသမိုင်းတွင် အကြီးမားဆုံး တရုတ်ကိုယ်စားလှယ်အဖွဲ့ ပါဝင်ပြသမှုအဖြစ် မှတ်တမ်းတင်နိုင်တော့မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် CNTO ရုံး၏ ပြောကြားမှု အရသိရသည်။
ပြပွဲတွင်ပါဝင်ပြသမည့်လုပ်ငန်းများမှာ ခရီးသွားစက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးကို ထိထိရောက်ရောက် လွှမ်းခြုံနိုင်သည့် လေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းအေဂျင်စီများ၊ လေ့လာရေး ခရီးစဉ် စီမံခန့်ခွဲသူများ၊ ဟိုတယ်များ၊ အစားအသောက်နှင့် အကျွေးအမွေးလုပ်ငန်းများ၊ သဘာ၀အလှ ရှုခင်းကြည့်နေရာများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်းများနှင့် အပျော်စီးသင်္ဘောကုမ္ပဏီများအပါအဝင် ဘက်စုံလုပ်ငန်းကဏ္ဍအမျိုးမျိုးကို ကိုယ်စားပြုလျက်ရှိသည်။
၄၀၂ စတုရန်းမီတာကျယ်ဝန်းမည့် တရုတ်နိုင်ငံပြခန်း၏ ဧရိယာမှာ ယမန်နှစ်က ပြသခဲ့သည့် ပြခန်းအရွယ်အစားထက် နှစ်ဆပိုကြီးလာသလို လက်ရှိအချိန်ထိ အကြီးဆုံးပြခန်းအဖြစ် မှတ်တမ်း ဝင်နေသည်။
“တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်း၊ ဆန်းသစ်တီထွင်မှု၊ ပေါင်းစည်းမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ ဖြိုးတိုး တက်မှု” ဟူသော အဓိကဆိုလိုရင်းခေါင်းစဥ်အောက်တွင် တရုတ်နိုင်ငံကိုယ်စားပြုပြခန်းမှာ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်နှင့် ခေတ်သစ်ခရီးသွားလုပ်ငန်း ဆန်းသစ်တီထွင်မှုများကို ဖော်ထုတ်ပြသ နိုင်သော ပန်ဒါဝက်ဝံများ၊ ဝါးနှင့် တရုတ်လူမျိုးများ၏ ထူးခြားသည့် ဝိသေသစရိုက်လက္ခဏာများကဲ့သို့ သော အထိမ်းအမှတ်သင်္ကေတများကို ထည့်သွင်းပြသမည်ဖြစ်သည်။
တရုတ်နိုင်ငံပြခန်းတွင် ပြပွဲဆိုင်ခန်းများ၊ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်သည့်ဇုန်များ၊ စင် မြင့်ဧရိယာတစ်ခုနှင့် လေကြောင်းလိုင်းကဏ္ဍအတွက်ရည်ရွယ်သော သီးသန့်နေရာတစ်ခုလည်း ပါဝင် မည် ဖြစ်သည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပရိုမိုးရှင်းပွဲများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခင်းကျင်းပြသမှုများ၊ အစားအသောက်အရသာမြည်းစမ်းမှု အစီအစဉ်များ၊ တရုတ်နိုင်ငံပြခန်း ဖွင့်ပွဲ အခမ်းအနားနှင့် ထူးရှယ် “တရုတ်ည” စသည့် အစီအစဉ်များစွာကို ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထား ကြောင်း လန်ဒန်အခြေစိုက် CNTO ရုံးက ပြောကြားခဲ့သည်။
၁၉၈၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော လန်ဒန် WTM ပြပွဲမှာ ကမ္ဘာ့အကြီးဆုံးနှင့် ဩဇာ အလွှမ်းမိုးနိုင်ဆုံး ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့သည့်ပြပွဲဆိုပါက နိုင်ငံနှင့် ဒေသပေါင်း ၁၈၄ ခုမှ ပါဝင်ပြသသည့်လုပ်ငန်းပေါင်း ၄,၀၀၀ ဝန်းကျင်ကို ဆွဲဆောင်နိုင်ခဲ့သလို လာရောက်ကြည့်ရှုလေ့လာသည့် ဧည့်သည်ပေါင်း ၄၆,၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း WTM ၏ တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)
…………………….
(English Version)
China to make record-breaking appearance at World Travel Market London
LONDON, Oct. 17 (Xinhua) — China is set to make a record-breaking appearance at the 2025 World Travel Market (WTM) in London next month, with unprecedented participation and exhibition space, the China National Tourist Office (CNTO) London announced on Friday.
More than 130 delegates, along with 56 cultural and tourism enterprises, from China have confirmed participation in the event, scheduled for Nov. 4-6. This marks the largest-ever Chinese delegation in WTM London, according to CNTO London.
The exhibitors represent a comprehensive range of sectors, including airlines, travel agencies, study tour operators, hotels, catering, scenic spots, and cruise companies, effectively covering the entire tourism industry chain.
China’s exhibition area will span 402 square meters, double the size of last year’s, making it the largest pavilion to date. Under the theme “China Tourism: Innovation, Integration and Sustainable Development,” the pavilion will feature symbolic elements such as pandas, bamboo, and Chinese characters, showcasing the country’s cultural heritage and modern tourism innovation.
The pavilion will include exhibition booths, negotiation zones, a stage area, and a dedicated airline section. A series of events are planned, including cultural and tourism promotions, intangible cultural heritage displays, food tastings, the China Pavilion opening ceremony, and a special “China Night,” CNTO London said.
Founded in 1980, WTM London is one of the world’s largest and most influential tourism exhibitions. In 2024, it attracted around 4,000 exhibitors from 184 countries and regions, drawing some 46,000 visitors, according to official WTM statistics. ■
Photo:
People visit the China pavilion of the World Travel Market (WTM) London 2024 in London, Britain, Nov. 5, 2024. (Xinhua/Li Ying)