Connect with us

China

တောင်တရုတ်ပင်လယ်၌ သြစတြေးလျ P-8A လေယာဉ်ကို တရုတ်နိုင်ငံ နှင်ထုတ်

တောင်တရုတ်ပင်လယ် ဝေဟင်ထက်၌ ပျံသန်းနေသည့် ပင်လယ်ငှက်တစ်ကောင်ကို ၂၀၂၄ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီးက ဩစတေးလျ P-8A စစ်လေယာဉ်တစ်စင်း ရှီးရှား ချွင်သောင်ကျွန်းစုတစ်ဝိုက် တရုတ်နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် သြစတြေးလျတိုက်လေယာဉ်ကို အောက်တိုဘာ ၁၉ ရက်က နှင်ထုတ်ခဲ့ကြောင်း တရုတ်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။
ထိုဩစတေးလျ P-8A လေယာဉ်သည် ရှီးရှား ချွင်သောင်ကျွန်းစုတစ်ဝိုက် တရုတ်နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်းသို့ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသကြီး၏ လေတပ်ပြောရေးဆိုခွင့်ရှိသူ လီကျန့်ကျန့် က ပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်ပိုင်းစစ်ဒေသကြီးသည် ရေတပ်နှင့် လေတပ်များကို ယင်းသြစတြေးလျလေယာဉ်အား ခြေရာခံစောင့်ကြည့်ခြင်း၊ ပြင်းထန်သော တန်ပြန်အရေးယူမှုများ လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများနှင့်အညီ မောင်းထုတ်ရန် သတိပေးချက်များ ထုတ်ပြန်ခြင်းတို့ လုပ်ဆောင်စေခဲ့ကြောင်း လီက ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ၏ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ပြီး ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ဖြစ်ရပ်များ ဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်မားကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။
“ဩစတေးလျနိုင်ငံအနေနဲ့ သူ့တို့ရဲ့ချိုးဖောက်မှုတွေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်သတိပေးအပ်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။ “တောင်ပိုင်းစစ်ဒေသကြီးရဲ့ တပ်ဖွဲ့တွေက အချိန်တိုင်း သတိကြီးကြီးထားပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့ကို ပြတ်ပြတ်သားသား အကာအကွယ်ပေးမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China expels Australian P-8A in South China Sea
BEIJING, Oct. 20 (Xinhua) — The Southern Theater Command of the Chinese People’s Liberation Army on Sunday expelled an Australian P-8A military aircraft that illegally intruded into China’s territorial airspace over the Xisha Qundao, a Chinese military spokesperson said on Monday.
Li Jianjian, spokesperson for the Air Force of the theater command, said that the P-8A had illegally intruded into China’s territorial airspace over the Xisha Qundao without the approval of the Chinese government.
The theater command had organized naval and air forces to conduct tracking and surveillance, take strong countermeasures, and issue warnings to drive the Australian aircraft away in accordance with the relevant laws and regulations, Li said.
The spokesperson emphasized that Australia’s actions had seriously violated China’s sovereignty and posed a high risk of triggering maritime and air incidents.
“We sternly warn Australia to immediately cease its infringements and provocative acts,” Li stressed. “The theater command’s troops remain on high alert at all times and will resolutely safeguard national sovereignty and security, and regional peace and stability.” ■
English Caption
This photo taken on May 13, 2024 shows a seabird flying above the South China Sea. (Xinhua/Yuan Shuai)