Connect with us

China

၂၀၂၇ ခုနှစ် ဖီဘာ ယူ ၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ်နိုင်ငံ၌ လက်ခံကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၂၀၂၅ ခုနှစ် ဖီဘာအမျိုးသမီးအာရှဖလားပြိုင်ပွဲ၌ ဩစတြေးလျအသင်းနှင့် ဂျပန်အသင်းတို့အကြား ဖိုင်နယ်ပွဲအတွက် ဆုပေးပွဲအခမ်းအနားအတွင်း အောင်ပွဲခံနေသည့် ဩစ‌တြေးလျအသင်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ် ဖီဘာ ယူ ၁၉ အမျိုးသမီး ဘတ်စကက်ဘောကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ယင်းမှာ ဖီဘာဘတ်စကတ်ဘောကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပခြင်းဖြစ်ကြောင်း ဖီဘာက အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ၂၀၂၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ချိန်တူးမြို့သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပွဲတော်၊ ၂၀၂၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ဖီဘာအမျိုးသမီး ဘတ်စကက်ဘောလိဂ်အာရှပြိုင်ပွဲနှင့် ၂၀၂၃ ခုနှစ်၌ FISU နွေရာသီကမ္ဘာ့တက္ကသိုလ်အားကစားပွဲတော်တို့ကို လက်ခံကျင်းပခဲ့သည်။
“အမျိုးသမီးအားကစားပြိုင်ပွဲရဲ့ရေပန်းစားမှုက ဆက်တိုက်မြင့်တက်နေတာကြောင့် တရုတ်နိုင်ငံရဲ့ ဖီဘာ ယူ ၁၉ အမျိုးသမီး ဘတ်စကက်ဘောကမ္ဘာ့ဖလားရဲ့ နောက်တစ်ပွဲဟာ ထိတွေ့ဆက်ဆံမှုနဲ့ စိတ်ဝင်စားမှုတွေကို ပိုမိုမြင့်မားလာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ထားပြီး အားကစားလောကရဲ့ တိုးတက်မှုကို ဆက်လက်ဖွံ့ဖြိုးစေဖို့ ကူညီပေးမှာပါ” ဟု ဖီဘာ အထွေထွေအတွင်းရေးမှူးချုပ် Andreas Zagklis က ပြောကြားခဲ့သည်။
ချက်သမ္မတနိုင်ငံ Brno မြို့၌ ဇူလိုင်လက ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဘာ ယူ ၁၉ အမျိုးသမီး ဘတ်စကက်ဘောကမ္ဘာ့ဖလားတွင် အမေရိကန်က ၎င်း၏ လေးကြိမ်ဆက်တိုက်နှင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၎င်း၏ ၁၁ ကြိမ်မြောက်ဖြစ်သည့် ဖလားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China to host 2027 FIBA U19 Women’s World Cup
BEIJING, Oct. 20 (Xinhua) — China has been awarded the hosting rights of the 2027 FIBA U19 Women’s Basketball World Cup, marking the first time for the country to host the tournament, FIBA announced on Monday.
The event will take place in Chengdu in southwest China’s Sichuan Province, from July 17 to 25, 2027.
Chengdu has hosted the 2025 World Games, the inaugural FIBA Women’s Basketball League Asia in 2024 and FISU Summer World University Games in 2023.
“With the popularity of the women’s game continuing to rise, this next edition of the FIBA U19 Women’s Basketball World Cup in China is destined to attract even higher levels of engagement and interest, helping us continue the growth of the sport globally,” said FIBA Secretary General Andreas Zagklis.
At the 2025 FIBA U19 Women’s Basketball World Cup held in Brno, Czech Republic in July, the United States claimed its fourth consecutive title and 11th overall. ■
English Caption
Team Australia celebrate during the awarding ceremony for the final between Australia and Japan at the FIBA Women’s Asia Cup 2025 in Shenzhen, south China’s Guangdong Province, July 20, 2025. (Xinhua/Mao Siqian)