China
တရုတ်မှ တည်ဆောက်ပေးခဲ့သော ရေဆိုးအကြိုသန့်စင်ခြင်းစီမံကိန်း စတင်ဖွင့်လှစ်မှု အခမ်းအနားကို မော်ရီတေးနီးယားနိုင်ငံတွင် ကျင်းပ

နောက်ခ်ချော့တ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
မော်ရီတေးနီးယားနိုင်ငံ၊ ထရာဇာဒေသတွင်တည်ရှိပြီး တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ယူတည်ဆောက် ပေးခဲ့သည့် Beni Nadji ရေဆိုး အကြိုသန့်စင်စခန်းစတင်ဖွင့်လှစ်လည်ပတ်သည့်အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မော်ရီတေးနီးယားနိုင်ငံ သမ္မတ အူလက်ဂါဇူအာနီ၊ ဟိုက်ဒရောလစ် (ရေအားအတတ်ပညာ) နှင့် သန့်စင်ရေးဝန်ကြီးဌာနဝန်ကြီး အမ်မယ်မင့်မာလုဒ်အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများမှ ဧည့်သည်တော် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
မော်ရီတေးနီးယားနိုင်ငံဝန်ကြီး မာလုဒ်က ရာသီဥတုပြောင်းလဲခြင်းက နိုင်ငံတိုင်းကို ထိခိုက်စေခဲ့သလို မော်ရီတေးနီးယားနိုင်ငံသည်လည်း ခြွင်းချက်အဖြစ် ကျန်ရစ်ခဲ့ခြင်းမရှိကြောင်း ၎င်း၏ ဖွင့်ပွဲအထိမ်းအမှတ်မိန့်ခွန်း၌ အလေးထားပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်းက ဆီနီဂေါမြစ်၏ နုန်းအနည်အနှစ်ပို့ချခြင်းအဆင့် ပိုမိုများပြားလာခြင်းကြောင့် မော်ရီတေးနီးယားနိုင်ငံ၏ မြို့တော် နောက်ခ်ချော့တ်အတွက် ရေချိုဖြန့်ဝေခြင်းစနစ်ကို အကြီးအကျယ်ဆိုးကျိုးသက်ရောက် စေခဲ့ကြောင်း သိရသည်။
အချိန်ကာလ ၇ လတာအတွင်း၌ပင် စီမံကိန်းပြီးစီးအောင်မြင်ခဲ့ခြင်းအတွက် တည်ဆောက်ပေးခဲ့သော ကုမ္ပဏီ၏ ထူးချွန်ပြောင်မြောက်သော လုပ်နိုင်စွမ်းရှိမှုနှင့် စစ်မှန်သော တာဝန်ယူစိတ်ရှိမှုကိုလည်း ဝန်ကြီး မာလုဒ်က ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။
မော်ရီတေးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ထန်ကျုံးတုန်းကလည်း မော်ရီတေးနီးယားနိုင်ငံအတွက် အဓိကကျသော အသက်မွေးဝမ်းကျောင်းစီမံကိန်းတစ်ခုကို အချိန်မီပြီးစီးအောင် တည်ဆောက်ပေးနိုင်ခဲ့ခြင်းဖြင့် တရုတ်ကုမ္ပဏီများ၏ စွမ်းဆောင်နိုင်မှု၊ အရည်အသွေးရှိမှုနှင့် အားကောင်းမောင်းသန်ဖြစ်သော တာဝန်ခံမှု တာဝန်ယူမှုတို့ကို ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသခံပြည်သူများအတွက် တိုက်ရိုက်အကျိုးကျေးဇူးရှိစေမည့် စီမံကိန်းများကို ပို၍ အကောင်အထည်ဖော်တည်ဆောက်ပေးရေး၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အရှိန်အဟုန်သစ်ဖြည့်ဆည်းခြင်း စသည့် နယ်ပယ်ပေါင်းစုံတွင် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံပြုလုပ်ရန် တရုတ်နိုင်ငံက အဆင်သင့်ရှိပါကြောင်းကိုလည်း သံအမတ်ကြီး ထန် က ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ပါဝါဆောက်လုပ်ရေးကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုက တာဝန်ယူတည်ဆောက် ပေးခဲ့သည့် အဆိုပါရေဆိုးအကြိုသန့်စင်စခန်းမှာ သိပ်သည်းဆမြင့် နုန်းအနည်အနှစ် သိုလှောင်ကန် ၆ ကန်၊ ဗဟို ထိန်းချုပ်ခန်းတစ်ခန်း၊ ရေဝင်ပေါက်နှင့် ရေလျှံပေါက် အဆောက်အအုံများ အပြည့်အစုံ တပ်ဆင်ပါရှိသလို နေ့စဉ် ရေကုဗမီတာ ၂၅၅,၀၀၀ ကို သန့်စင်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။
အဓိကကျသည့် နည်းပညာပေါင်းစုံဖြင့် တည်ဆောက်ထားခြင်းကြောင့် မြင့်မားသည့်အပူချိန်နှင့် ဖုန်ထူထပ်သည့်ပတ်ဝန်းကျင်အခြေအနေများ၌ပင် ရေဆိုးအကြိုသန့်စင်စခန်းကို ယုံကြည်စိတ်ချစွာ လည်ပတ်စေနိုင်မည်ဖြစ်ကြောင်း၊ နောက်ခ်ချော့တ်မြို့တော်၏ သောက်သုံးရေလိုအပ်ချက်ကိုလည်း ထိရောက်စွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ရေထုညစ်ညမ်းမှုကြောင့် ကူးစက်ရောဂါများဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ကာ အာဖရိကတိုက်၏ မိုးနည်းခြောက်သွေ့သော ဒေသများအတွက်လည်း ရေဆိုးသန့်စင်မှုနည်းပညာကို မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Chinese-built raw water pre-treatment project inaugurated in Mauritania
NOUAKCHOTT, Sept. 30 (Xinhua)
The Beni Nadji raw water pre-treatment station project, located in Mauritania’s Trarza region and constructed by a Chinese company, was inaugurated on Monday.
More than 300 people attended the ceremony, including Mauritanian President Mohamed Ould Ghazouani, Minister of Hydraulics and Sanitation Amal Mint Maouloud, as well as representatives from partner institutions and Chinese enterprises.
In her speech, Maouloud noted that climate change affects every country and Mauritania is no exception. In recent years, increasing sediment levels in the Senegal River have severely impacted water supply for Nouakchott, the country’s capital.
She hailed the completion of the project within just seven months as a demonstration of the contractor’s outstanding capability and sincere commitment.
Chinese Ambassador to Mauritania Tang Zhongdong said Chinese enterprises have shown efficiency, quality, and a strong sense of responsibility, ensuring the timely delivery of a key livelihood project for Mauritania.
He added that China stands ready to work with Mauritania to further deepen cooperation in various fields, build more projects that directly benefit local people, and inject new momentum into bilateral relations.
The new station, built by a subsidiary of Power Construction Corporation of China with a designed daily capacity of 255,000 cubic meters, is equipped with six sets of high-density sedimentation tanks, a central control room, and intake and outflow structures.
Featuring multiple key technologies, the facility can operate reliably in high-temperature and dusty environments, effectively easing Nouakchott’s drinking water shortage, reducing waterborne diseases, and providing a reference for raw water treatment in arid regions of Africa. ■
Photo:
Mauritanian President Mohamed Ould Ghazouani (C) and Minister of Hydraulics and Sanitation Amal Mint Maouloud (2nd R) attend the inauguration ceremony of the Beni Nadji raw water pre-treatment station project in the Trarza region, Mauritania, Sept. 29, 2025. (Power Construction Corporation of China/Handout via Xinhua)