Connect with us

China

ဇာဂရက်ဆွေးနွေးပွဲက တရုတ်-စီအီးအီးစီ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ တရုတ်-ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများ (စီအီးအီးစီ) ကုန်စည်ပြပွဲနှင့် နိုင်ငံတကာစားသုံးသူကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇာဂရက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
၁၁ ကြိမ်မြောက် တရုတ်-ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများ (စီအီးအီးစီ) Think Tank အဆင့်မြင့်ဆွေးနွေးပွဲကို ခရိုအေးရှားနိုင်ငံ မြို့တော်ဇာဂရက်၌ အောက်တိုဘာ ၂၁ ရက်က ကျင်းပခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ တရုတ်နှင့် ဗဟို၊ အရှေ့ဥရောပတို့မှ ဂျာနယ်လစ် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနား၌ ခရိုအေးရှားသမ္မတဟောင်း Ivo Josipovic က တရုတ်-စီအီးအီးစီ ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၂၀၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့ချိန်မှစ၍ အောင်မြင်မှုများကို အလေးပေးပြောကြားခဲ့သည်။ ၎င်းယန္တရားမှာ ကျယ်ပြန့်သော ချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
Josipovic က ခရိုအေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုအသစ်များဖြင့် ဆက်လက် နက်ရှိုင်းလာကြောင်း အလေးထား ပြောကြားခဲ့သည်။
ရိုမေးနီးယားသမ္မတဟောင်း Emil Constantinescu ကလည်း ရိုမေးနီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကူးလူးဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လေးနက်သော အခြေခံအုတ်မြစ်အဖြစ် ၎င်းရည်ညွှန်းထားသည့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ ပိုမိုပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ခရိုအေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီချန်ကျင့် ကလည်း တရုတ်နိုင်ငံနှင့် စီအီးအီးစီအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းမှာ ဒေသတွင်း သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အရေးပါမှုသာမက တရုတ်-ဥရောပ ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် တည်ငြိမ်မှုနှင့် တက်ကြွမှုတို့ကိုပါ ဖြည့်တင်းပေးကြောင်း ပြောကြားခဲ့သည်။
ဖိုရမ်ခွဲ ‌ဆွေးနွေးပွဲငယ်များအတွင်း တရုတ်-စီအီးအီးစီ ပူးပေါင်းဆောင်ရွက်မှု၊ Think Tank များအကြား အပြန်အလှန်ဖလှယ်မှု၊ တရုတ်-အီးယူဆက်ဆံရေးနှင့် တရုတ်နှင့် စီအီးအီးစီအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစသည့် ခေါင်းစဉ်များဖြင့် နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Zagreb symposium deepens China-CEEC cooperation
ZAGREB, Oct. 21 (Xinhua) — The 11th China-Central and Eastern European Countries (CEEC) High-Level Think Tank Symposium was held here on Tuesday, bringing together more than 100 government officials, experts, scholars, industry representatives and journalists from China and Central and Eastern Europe.
At the opening ceremony, former Croatian President Ivo Josipovic highlighted the achievements of the China-CEEC cooperation mechanism since its launch in 2012. He noted that the initiative has facilitated extensive connectivity, trade, and investment collaboration.
Josipovic emphasized that mutually beneficial cooperation between Croatia and China has continued to deepen with new heights.
Former Romanian President Emil Constantinescu hailed the exchanges and friendship between Romania and China. He called for further efforts to strengthen cooperation and enhance people-to-people ties, which he described as a profound foundation for the steady, long-term development of bilateral relations.
Chinese Ambassador to Croatia Qi Qianjin said that deepening mutually beneficial cooperation between China and the CEEC is not only of great significance to regional prosperity and development, but also injects stability and vitality into China-Europe relations and global development.
During the sub-forum sessions, participants engaged in in-depth discussions on topics such as China-CEEC cooperation, exchanges among think tanks, China-EU relations, and business collaboration between China and the CEEC. ■
English Caption
This photo taken on May 16, 2023 shows the opening ceremony of China-Central & Eastern European Countries (CEEC) Expo & International Consumer Goods Fair in Ningbo, east China’s Zhejiang Province. (Xinhua/Huang Zongzhi)