Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC) မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီးသွားပြီဖြစ်ကာ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် အကြံပြုချက်များကို အတည်ပြု

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေး တက်ရောက်သူများက အလေးအနက် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ကာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ရေးဆွဲရေးဆိုင်ရာ CPC ဗဟိုကော်မတီ၏ အကြံပြုချက်များကို အတည်ပြုခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်၌ ထုတ်ပြန်သည့် ယင်းအစည်းအဝေးနှင့် စပ်လျဉ်းသော တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုက ယင်းအစည်းအဝေးအား ကြီးမှူးကျင်းပခဲ့ကာ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အစည်းအဝေး တက်ရောက်သူများက သမ္မတရှီ တင်သွင်းသည့် နိုင်ငံရေးဗျူရို၏ လုပ်ငန်းအစီရင်ခံစာကို နားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရှီက အကြံပြုချက် မူကြမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့် မှတ်ချက်စကားများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
CPC plenum concludes, adopting recommendations for China’s 15th Five-Year Plan
BEIJING, Oct. 23 (Xinhua) — The 20th Central Committee of the Communist Party of China (CPC) convened its fourth plenary session in Beijing from Monday to Thursday.
Participants at the session deliberated over and adopted the Recommendations of the CPC Central Committee for Formulating the 15th Five-Year Plan for Economic and Social Development, according to a communique of the session released on Thursday.
The Political Bureau of the CPC Central Committee presided over the meeting. Xi Jinping, general secretary of the CPC Central Committee, delivered important addresses, according to the communique.
The participants heard and discussed a report presented by Xi on the work of the Political Bureau.
Xi also delivered explanatory remarks on the draft recommendations.