China
တရုတ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှု စက်တင်ဘာတွင် ၄.၅ ရာခိုင်နှုန်းတိုးလာ
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ဆောင်မှုများ၏အဓိကညွှန်းကိန်းဖြစ်သောလျှပ်စစ်စွမ်းအင်သုံးစွဲမှုသည် စက်တင်ဘာလတွင် တည်ငြိမ်စွာတိုးချဲ့လာကြောင်း တရားဝင်အချက်အလက်များက အောက်တိုဘာ ၂၂ ရက်တွင်ပြသခဲ့သည်။
စက်တင်ဘာတွင် ယမန်နှစ်အလားတူကာလထက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄.၅ ရာခိုင်နှုန်းမြင့်တက်လာကာ ကီလိုဝပ်နာရီ ၈၈၈.၆ ဘီလီယံ ရှိခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့အဆိုအရသိရသည်။
မူလပထမစက်မှုလက်မှုလုပ်ငန်းများနှင့် ဒုတိယစက်မှုလက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယမန်နှစ်အလားတူကာလထက် ၇.၃ ရာခိုင်နှုန်းနှင့် ၅.၇ ရာခိုင်နှုန်း အသီးသီးတိုးမြင့်လာခဲ့ပြီး တတိယအဆင့် ကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်းသိရသည်။
နိုင်ငံ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် နေထိုင်သူများ၏ စုစုပေါင်းသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၁၂၈.၇ ဘီလီယံ ရှီပြီး ယမန်နှစ်အလားတူကာလထက် ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဇန်နဝါရီမှ စက်တင်ဘာအထိ တရုတ်နိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ ၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၇.၇၇ ထရီလီယံ ကီလိုဝပ်နာရီ နီးပါး ရှိခဲ့ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
China’s power use up 4.5 pct in September
BEIJING, Oct. 23 (Xinhua) — China’s electricity consumption, a key barometer of economic activity, saw steady expansion in September, official data showed on Thursday.
Power use rose 4.5 percent year on year in September to 888.6 billion kilowatt-hours, according to the National Energy Administration.
Power consumed by the primary and secondary industries rose 7.3 percent and 5.7 percent year on year, respectively, while the tertiary sector saw a 6.3 percent increase.
The electricity consumption of the country’s residents totaled 128.7 billion kilowatt-hours, down 2.6 percent year on year.
From January to September, China’s total power use climbed 4.6 percent to nearly 7.77 trillion kilowatt-hours.
Photo : A drone photo taken on Aug. 8, 2025 shows a demonstration project for integrated photovoltaic and energy storage in Dongying City, east China’s Shandong Province. (Xinhua/Guo Xulei)
