Connect with us

China

ရှီက ငါးနှစ်စီမံကိန်း အစီအစဉ်မူကြမ်း အကြံပြုချက်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီဝင်မဟုတ်သူများ၏ ထင်မြင်ချက်များ စုစည်းခြင်း ဆွေးနွေးပွဲ ကြီးမှူးကျင်းပ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်နေကြသော ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်နှင့် လီရှီးတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းရေးဆွဲရေးအတွက် CPC ဗဟိုကော်မတီ၏ အကြံပြုချက်များမူကြမ်းအပေါ် ပါတီဝင်မဟုတ်သူများထံမှ ထင်မြင်ချက်များ စုစည်းရန် ဆွေးနွေးပွဲကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွက် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းက ဆိုရှယ်လစ်စနစ် ခေတ်မီအသွင်ပြောင်းလဲမှု ရရှိရေး အခြေခံရည်မှန်းချက်ပန်းတိုင်ကို ထိန်းမတ်ရမည်ဖြစ်ကြောင်း ရှီက အဆိုပါဆွေးနွေးပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Xi chairs symposium to solicit non-CPC personages’ opinions on drafting five-year plan recommendations
BEIJING, Oct. 24 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, chaired a symposium on Aug. 27 to solicit opinions from non-Party personages on drafting the CPC Central Committee’s recommendations for formulating the 15th Five-Year Plan for China’s economic and social development.
While addressing the symposium, Xi said the planning of social and economic development for the 15th Five-Year Plan period (2026-2030) must be anchored to the goal of basically achieving socialist modernization.
Photo: Xi Jinping, Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang and Li Xi attend the fourth plenary session of the 20th Communist Party of China (CPC) Central Committee in Beijing, capital of China. (Xinhua/Shen Hong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.