Connect with us

China

တရုတ်နိုင်ငံ၏ အွန်လိုင်းလက်လီရောင်းအား ဇန်နဝါရီမှ စက်တင်ဘာအတွင်း တည်ငြိမ်စွာ တိုးတက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Yanbian ကိုရီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ပဉ္စမအကြိမ်မြောက် တရုတ် e-commerce ညီလာခံသစ်၌ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ထုတ်ကုန်များအား ကြော်ငြာနေသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန်နှင့် သုံးစွဲမှုကို လှုံ့ဆော်ရန် နိုင်ငံ၏ ကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံ၏ အွန်လိုင်းလက်လီရောင်းဝယ်ရေးကဏ္ဍသည် ယခုနှစ် ပထမကိုးလတာအတွင်း တည်ငြိမ်သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထိုကာလအတွင်း အွန်လိုင်းလက်လီရောင်းအားမှာ ယခင်နှစ် ကာလတူထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် အွန်လိုင်းဝန်ဆောင်မှုများက အဓိကရောင်းအားအကောင်းဆုံးအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
စမတ်ဖုန်းများနှင့် ကွန်ပျူတာများကဲ့သို့သော ဒစ်ဂျစ်တယ်ထုတ်ကုန်များ၏ အွန်လိုင်းရောင်းအားက ၈.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုများအတွက် သုံးစွဲမှုမှာ ၂၀.၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြခဲ့သည်။
ကျေးလက်ဒေသ e-commerce ကဏ္ဍမှာလည်း ပထမကိုးလအတွင်း စိုက်ပျိုးရေးထွက်ကုန်များ၏ အွန်လိုင်းလက်လီရောင်းအား ၉.၆ ရာခိုင်နှုန်း မြင့်တက်မှုနှင့်အတူ တည်ငြိမ်သော တိုးတက်မှု ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် e-commerce ကဏ္ဍ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခဲ့ပြီး ဝန်ကြီးဌာနမှ စောင့်ကြည့်နေသော အဓိကပလက်ဖောင်းများပေါ်တွင် တင်သွင်းလာသော ကုန်ပစ္စည်းများ၏ လက်လီရောင်းအားမှာ ၈.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
………………
(English Version)
China’s online retail sales reports steady growth in Jan-Sept
BEIJING, Oct. 23 (Xinhua) — China’s online retail sector maintained steady growth in the first nine months of this year, supported by the country’s efforts to expand domestic demand and stimulate consumption.
During this period, online retail sales rose 9.8 percent year on year, with digital products and online services emerging as key highlights, according to the Ministry of Commerce.
Online sales of digital products such as smartphones and computers climbed 8.3 percent, while spending on online services surged 20.2 percent, ministry data showed.
E-commerce in rural areas also saw steady growth, with online retail sales of agricultural products up 9.6 percent in the first nine months.
Meanwhile, international cooperation in the e-commerce sector strengthened, as the retail sales of imported goods on major platforms monitored by the ministry rose 8.3 percent, data showed. ■
English Caption
A woman promotes products via live-streaming at the 5th China new e-commerce conference in Yanbian Korean Autonomous Prefecture, northeast China’s Jilin Province, July 27, 2025. (Xinhua/Tang Chengzhuo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.