Connect with us

China

ဘာရိန်းနိုင်ငံ မနာမာမြို့တွင် ကျင်းပနေသည့် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ၌ တရုတ်အားကစားအဖွဲ့က ရွှေတံဆိပ် ၇ ခုဖြင့် ဆုတံဆိပ်ဇယားတွင် ဦးဆောင်နေ

ဘာရိန်းနိုင်ငံ Sakhir မြို့ရှိ Exhibition World Bahrain ၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က တွေ့ရစဥ် (ဓာတ်ပုံ - Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

မနာမာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ဘာရိန်းနိုင်ငံ မနာမာမြို့တော်၌ကျင်းပနေသည့် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ ၏ အောက်တိုဘာ ၂၃ ရက်ပွဲစဉ်များတွင် ထရိုင်သလွန် (ရေကူး၊ စက်ဘီးနှင့် အပြေး ၃ မျိုးစပ် ယှဉ်ပြိုင် ရသည့် အားကစားနည်း)၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို poomase နှင့် teqball ကစားနည်းများမှ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၁ ခုဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် တရုတ်အားကစားအဖွဲ့အတွက် ဆုတံဆိပ်လှိုင်လှိုင်ရသည့်နေ့ တစ်နေ့အဖြစ် ပျော်ရွှင်ခဲ့ကြရသလို ဆုတံဆိပ် ၁၈ ခုဖြင့် ဆုတံဆိပ်ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။
တရုတ်အားကစားအဖွဲ့မှာ ထရိုင်သလွန် စူပါ-တာတို တစ်ဦးချင်းပြိုင်ပွဲများတွင် ကနဦးအောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် Li Yansong က စံချိန် ၂၇ မိနစ် ၀၄ စက္ကန့်ဖြင့် ဗိုလ်စွဲပြီး တရုတ်အားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း Xu En’ge က စံချိန် ၃၀ မိနစ် ၁၈ စက္ကန့်ဖြင့်ဗိုလ်စွဲခဲ့သလို တစ်နိုင်ငံတည်းသား အသင်းဖော် Bian Zijia က စံချိန် ၃၀ မိနစ် ၂၆ စက္ကန့်ဖြင့် ဒုတိယငွေတံဆိပ် ရရှိခဲ့သည်။
“ကျွန်တော့်အနေနဲ့ သိပ်အများကြီးမစဉ်းစားခဲ့ဘဲ နောက်ထပ် ၁၀ စက္ကန့်လောက်တောင့်ခံနိုင်ဖို့ကိုသာ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကပြောခဲ့ရုံပါပဲ။ သတင်းကောင်းကို ကျွန်တော့်ရဲ့နည်းပြနဲ့အတူ မျှဝေခံစားဖို့ အတွက် အချိန်မဖြုန်းချင်တော့ပါဘူး” ဟု Li Yansong က ဝမ်းသာစကားပြောကြားခဲ့သည်။
ပြေးခုန်ပစ်ကစားနည်းတွင် တရုတ်အားကစားအဖွဲ့က ရွှေတံဆိပ် ၅ ခုနှင့် ငွေတံဆိပ် ၃ ခု ထပ်တိုးရရှိခဲ့ သည်။ အမျိုးသမီး မီတာ ၅,၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် Liu Shiyi က စံချိန် ၂၄ မိနစ် ၁၅.၂၇ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သည်။ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင်လည်း Li Aodi က ၁၅.၁၅ မီတာခုန်ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက်အကောင်းဆုံးစံချိန် ရယူနိုင်ခဲ့သည်။ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင်မူ Wang Zihao က ၆၈.၂၂ မီတာဖြင့် ဗိုလ်စွဲခဲ့သည်။ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ၁၈.၁၅ မီတာပစ်ပြီး ဗိုလ်စွဲခဲ့သော Sun Mengyo ၏ စံချိန်ကလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက်အကောင်းဆုံးဖြစ်ခဲ့သလို အသင်းဖော် Li Mengyao က ၁၆.၉၃ မီတာဖြင့် ဒုတိယငွေတံဆိပ်ဆွတ်ခူးခဲ့သည်။ အမျိုးသမီးမီတာ ၁၀၀ တန်းကျော် ပြေးပွဲချန်ပီယံဆုကိုမူ Zhan Keyi က စံချိန် ၁၃.၅၁ စက္ကန့်ဖြင့်ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲ သမိုင်းစံချိန်ထက် သာလွန်ခဲ့သည်။ အမျိုးသား မီတာ ၁,၅၀၀ ပြေးပွဲတွင် Sha Lihua က စံချိန် ၃ မိနစ် ၅၈.၇၃ စက္ကန့်၊ အမျိုး သား မီတာ ၁၁၀ တန်းကျော်ပြေးပွဲတွင် Tao Kaidi က စံချိန် ၁၄.၁၁ စက္ကန့်ဖြင့် ငွေတံဆိပ်အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။
တိုက်ကွမ်ဒို poomase ကစားနည်းတွင်လည်း တရုတ်အားကစားအဖွဲ့က ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည်။ အမျိုးသား တစ်ဦးချင်း အသိအမှတ်ပြု poomase ပြိုင်ပွဲတွင် Gao Zixuan ၊ အမျိုးသမီး တစ်ဦးချင်းအလွတ်တန်းပြိုင်ပွဲတွင် Zhang Mengyuan ၊ အမျိုးသားတစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲတွင် Wang Zhihao ၊ အမျိုးသား/အမျိုးသမီး ၂ ယောက်တွဲအလွတ်တန်းပြိုင်ပွဲတွင် Zhang Mengyuan နှင့် Wang Zhihao အတွဲက ငွေတံဆိပ်များ အသီးသီးဆွတ်ခူးခဲ့ကြသည်။ အမျိုးသမီးတစ်ဦးချင်း အသိအမှတ်ပြု poomase ပြိုင်ပွဲတွင်မူ Li Yuqi က တတိယကြေးတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
တရုတ်အားကစားအဖွဲ့မှာ Teqball ကစားနည်းမှလည်း ငွေတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် Jiang Xinyan က ဒုတိယရခဲ့သလို အမျိုးသမီး ၂ ယောက်တွဲ ပြိုင်ပွဲတွင်လည်း Jiang Xinyan နှင့် Chen Jiayi အတွဲက ငွေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………
(English Version)
China leads medal table with 7 golds at 3rd Asian Youth Games in Manama
MANAMA, Oct. 24 (Xinhua)
China enjoyed a prolific day at the 3rd Asian Youth Games in Bahrain on Thursday, taking seven gold, 10 silver and one bronze across triathlon, athletics, taekwondo poomsae and teqball to lead the medal table with 18 medals.
China made an early statement in the triathlon super-sprint individual events. Li Yansong captured the men’s title in 27:04 to secure Team China’s first gold of the Games. In the women’s race, Xu En’ge won in 30:18, with teammate Bian Zijia claiming silver in 30:26.
“I didn’t think too much and just kept telling myself to hold on for another 10 seconds,” said Li Yansong. “I wasted no time in sharing the good news with my coach.”
In track and field, China added five golds and three silvers. Liu Shiyi won the women’s 5,000m race walk in 24:15.27. Li Aodi took the men’s triple jump at 15.15m, a Games-best. Wang Zihao clinched the men’s hammer throw with 68.22m. Sun Mengyao won the women’s shot put with 18.15m, also a Games-best, while teammate Li Mengyao earned silver at 16.93m. Zhang Keyi captured the women’s 100m hurdles in 13.51, improving the Games mark. Sha Lihua took silver in the men’s 1,500m in 3:58.73, and Tao Kaidi added silver in the men’s 110m hurdles in 14.11.
In taekwondo poomsae, China collected four silvers and one bronze. Gao Zixuan won silver in the men’s individual recognized poomsae; Zhang Mengyuan took silver in the women’s individual freestyle; Wang Zhihao claimed silver in the men’s individual freestyle; and Zhang Mengyuan/Wang Zhihao earned silver in mixed freestyle. Li Yuqi took bronze in the women’s individual recognized poomsae.
China picked up two more silvers in teqball, with Jiang Xinyan finishing runner-up in the women’s singles and Jiang Xinyan/Chen Jiayi taking silver in the women’s doubles. ■
Photo:
Artists perform during the opening ceremony of the 3rd Asian Youth Games at Exhibition World Bahrain in Sakhir, Bahrain, Oct. 22, 2025. (Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.