Connect with us

China

တရုတ်နိုင်ငံ ဟယ့်လန်တောင်ခြေရှိ နှင်းကျားသစ် ကာကွယ်ရေးနှင့် သုတေသန ပြုလုပ်ရေး အခြေစိုက်စခန်းသို့ သွားရောက်လေ့လာရာဝယ်

တရုတ်နိုင်ငံ နင်းရှဒေသ ဟယ့်လန်တောင် အမျိုးသား သဘာဝထိန်းသိမ်းရေးဇုန်အတွင်းရှိ နင်းရှ ဟယ့်လန်တောင် နှင်းကျားသစ် ကာကွယ်ရေးနှင့် သုတေသနပြုလုပ်ရေး အခြေစိုက်စခန်းတွင် တောရိုင်းသဘာဝအလျောက်ရှင်သန်နေထိုင်နိုင်မှု လေ့ကျင့်နေသော နှင်းကျားသစ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရင်ချွမ်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
လတ်လောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ နင်းရှဒေသ၌ ဟယ့်လန်တောင် နှင်းကျားသစ်အုပ်စု ကာကွယ်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဟယ့်လန်တောင် နှင်းကျားသစ် ကာကွယ်ရေးနှင့် သုတေသနပြုလုပ်ရေး အခြေစိုက်စခန်းအား တက်ကြွစွာ တည်ဆောက်ခြင်း၊ နှင်းကျားသစ် လက်ခံကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ လုံခြုံစွာရွှေ့ပြောင်းပို့ဆောင်ခြင်း၊ တောရိုင်းသဘောဝအလျောက် ရှင်သန်နေထိုင်နိုင်မှု လေ့ကျင့်ခြင်း၊ တောရိုင်းသို့ ပြန်လည်လွှတ်ပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ကြည့်ခြင်း၊ အချက်အလက် ကောက်ယူစုဆောင်းခြင်း၊ သဘာဝအလျောက် မျိုးပွားခြင်းနှင့် ခြေရာခံခြင်း စသည့် ကွင်းဆက်တစ်ခုလုံး ကာကွယ်ရေးနှင့် စောင့်ကြည့်တိုင်းတာရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ဂြိုဟ်တုဖြင့် တည်နေရာပြလည်ပတ်၊ အနီအောက်ရောင်ခြည်ကင်မရာ စသည့် နည်းပညာနည်းလမ်းများဖြင့် တောရိုင်းထဲပြန်လွှတ်ထားသော နှင်းကျားသစ် ကျန်းမာမှုအခြေအနေနှင့် လှုပ်ရှားမှုလမ်းကြောင်းများကို အဆက်မပြတ်တိကျစွာ ခြေရာခံမှုလုပ်ဆောင်ခဲ့ရာ တောရိုင်းထဲ ပြန်လွှတ်ထားသည့် နှင်းကျားသစ်များသည် လက်ရှိတွင် ကောင်းမွန်စွာ ရှင်သန်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နင်းရှဒေသ ဟယ့်လန်တောင် အမျိုးသား သဘာဝထိန်းသိမ်းရေးဇုန် မာလျန်ခို စီမံခန့်ခွဲရေးစခန်းတွင် ဝန်ထမ်းများက စောင့်ကြည့်ရေးကင်မရာမှတစ်ဆင့် နှင်းကျားသစ်အား စောင့်ကြည့်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
探访贺兰山下的雪豹保护研究基地
新华社照片,银川,2025年10月25日
近年来,宁夏持续开展贺兰山雪豹种群保护工作,积极建设贺兰山雪豹保护研究基地,实施雪豹收容救护、安全转运、适应性训练、野外放归及后续观察监测、痕迹采集、自然繁衍跟踪等全链条保护监测工作,依托卫星定位项圈、红外相机等技术手段,实现对放归雪豹健康状态与活动轨迹的全程精准追踪,已经放归的雪豹目前均保持良好生存状态。
1、10月24日,在位于宁夏贺兰山国家级自然保护区内的宁夏贺兰山雪豹保护研究基地,雪豹在进行适应性训练(无人机照片)。新华社记者 杨植森 摄
2、10月24日,宁夏贺兰山国家级自然保护区马莲口管理站工作人员通过监控观察雪豹。新华社记者 杨植森 摄