China
တရုတ်နိုင်ငံက ကိုရီးယားစစ်ပွဲကာလအတွင်း ကျဆုံးသွားသည့် စေတနာ့ဝန်ထမ်း စစ်သည်တော် ၈ ဦး၏ အထောက်အထားများကို အတည်ပြု
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် ခုခံတော်လှန်၍ ကိုရီးယားကိုအကူအညီပေးသည့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသော တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ (CPV) အဖွဲ့ဝင် အာဇာနည်စစ်သည်တော် ၈ ဦး၏ အထောက်အထားများကို တရုတ်စစ်မှုထမ်း ဟောင်းများရေးရာဝန်ကြီးဌာနက DNA နည်းပညာအသုံးပြု၍အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည် ၈ ဦး၏ ခန္ဓာကိုယ်ရုပ်ကြွင်းနှင့် အခြားကြွင်းကျန်အသုံးအဆောင်ပစ္စည်းများအား ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့(CPV) အာဇာနည်စစ်သည်တော် ၁,၀၁၁ ဦး၏ ခန္ဓာကိုယ်ရုပ်ကြွင်းနှင့် အခြားကြွင်းကျန်အသုံးအဆောင်ပစ္စည်းများကို တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ပြန်လည် လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်အထိ တရုတ်အာဇာနည် ၃၆ ဦး၏ အထောက်အထားများကို ၎င်းတို့၏ မိသားစုဝင်များ တည်ရှိရာနေရာနှင့်အတူ အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်စစ်မှုထမ်းဟောင်းများရေးရာ ဝန်ကြီးဌာနအဆိုအရ သိရသည်။
မကြာသေးမီနှစ်များအတွင်း၌ တရုတ်နိုင်ငံက အာဇာနည်များ၏ ခန္ဓာကိုယ်ရုပ်ကြွင်းများ၊ အခြား ကြွင်းကျန်များနှင့် ၎င်းတို့၏ မိသားစုများအတွက် အမျိုးသား DNA ဒေတာဘေ့စ်မြှင့်တင်နိုင်ရေးအတွက် သီးသန့် DNA ဓာတ်ခွဲခန်းတစ်ခု ထူထောင်ခြင်း အပါအဝင် ကျဆုံးသွားသော စစ်သည်တော်များ၏ ခန္ဓာကိုယ်ရုပ်ကြွင်းနှင့် အခြားကြွင်းကျန်များကိုဖော်ထုတ်ရန် သိသိသာသာ အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိသည်။ (Xinhua)
………………………
(English Version)
China confirms identities of 8 volunteer soldiers killed in Korean War
BEIJING, Oct. 25 (Xinhua)
Using DNA technology, China’s Ministry of Veterans Affairs has confirmed the identities of 8 soldiers of the Chinese People’s Volunteers (CPV) who sacrificed their lives in the War to Resist U.S. Aggression and Aid Korea (1950-1953).
The remains of these 8 martyrs were repatriated to China from the Republic of Korea (ROK) in 2020 and 2021. Since 2014, the remains of 1,011 CPV soldiers have been recovered and repatriated from the ROK in total.
To date, the identities of 36 Chinese martyrs have been confirmed, with their family members located, according to the ministry.
In recent years, China has significantly intensified efforts to identify the remains of fallen soldiers, including establishing a dedicated DNA laboratory to enhance the national DNA database for the remains of martyrs and their families. ■
Photo:
Soldiers escort coffins containing the remains of Chinese People’s Volunteers (CPV) martyrs at Taoxian International Airport in Shenyang, northeast China’s Liaoning Province, Sept. 12, 2025. (Xinhua/Pan Yulong)
