Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာ့ပြည့်စုံမှုအရှိဆုံး ပင်လယ်ရေကြောင်းဆိုင်ရာ တရားရေးစနစ် ရှိကြောင်း အစီရင်ခံစာတစ်ရပ်ဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင်ဆိပ်ကမ်းသို့ ဝင်ရောက် လာသော ကွန်တိန်နာတင်သင်္ဘောများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုမှ ဖော်ပြထားမှုအရ တရုတ် နိုင်ငံတွင် အမှုအရေအတွက်အများဆုံးနှင့် အမှုအမျိုးအစား အကျယ်ပြန့်ဆုံး လွှမ်းခြုံနိုင်မှုနှင့်အတူ ကမ္ဘာ့ပြည့်စုံမှုအရှိဆုံး ပင်လယ်ရေကြောင်းဆိုင်ရာတရားရေးစနစ်တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်တရားရုံးများမှ စစ်ဆေးစီရင်ခဲ့သော ပင်လယ်ရေကြောင်းဆိုင်ရာ အမှုအခင်းများနှင့်ပတ်သက်သည့် အစီရင်ခံစာကို ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သော ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ အမြဲတမ်းကော်မတီ အစည်းအဝေးတစ်ခုတွင် ပြန်လည်သုံးသပ်ဆန်းစစ်နိုင်ရန် အောက်တိုဘာ ၂၆ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာအရ တရုတ်နိုင်ငံက ၁၉၈၄ ခုနှစ် နိုဝင်ဘာလတွင် NPC အမြဲတမ်းကော်မတီမှ အတည်ပြု ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ရပ်အရ ပင်လယ်ရေကြောင်းဆိုင်ရာတရားရုံးများ၏ ပထမဆုံးအုပ်စုကို စတင်ဖွဲ့စည်းထူထောင်ခဲ့ကြောင်း သိရသည်။ ယခင်ဆယ်စုနှစ် လေးခုကျော်အတွင်း တရုတ်နိုင်ငံတွင် ဒေသဖြတ်ကျော်တရားစီရင်ပိုင်ခွင့်ရှိသော ပင်လယ်ရေကြောင်းဆိုင်ရာတရားရုံး ၁၁ ခုနှင့် သီးခြားခုံရုံး ၄၂ ခုကို တည်ထောင်နိုင်ခဲ့သည်။
အဆိုပါအချိန်ကာလအတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ အမှုအရေအတွက်နှင့် နယ်ပယ်အတိုင်းအတာမှာ သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။ နှစ်စဉ် အမှုအရေအတွက်မှာ ၁၉၈၄ ခုနှစ်တွင် ၁၈ မှုသာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၃၄,၄၀၀ မှုအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ အမှုအမျိုးအစားများအရလည်း သမားရိုးကျ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်ခြင်းဆိုင်ရာ အငြင်းပွားမှုများမှ အဏ္ဏဝါအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ဆိပ်ကမ်းနှင့် ဆိပ်ခံဂိတ်များ တည်ဆောက်ရေး၊ သမုဒ္ဒရာနှင့် သက်ဆိုင်သောယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားစက်မှုလုပ်ငန်းကဲ့သို့သော နယ်ပယ်သစ်များဆီသို့ ကျယ်ပြန့်လာခဲ့သည်။
တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေ အကောင်အထည်ဖော်ဆောင်ရာတွင်လည်း အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်လုပ်ဆောင်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ တရားရေးအစဉ်အလာ ဓလေ့ထုံးတမ်းမှတစ်ဆင့်အစပျိုးခဲ့သည့် သင်္ဘောများကိုတရားဥပဒေနှင့်အညီရောင်းချခြင်းနှင့် ပတ်သက်သော ပေကျင်းကွန်ဗင်းရှင်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှ သဘောတူလက်ခံခဲ့သော ပထမဆုံး နိုင်ငံတကာဆိုင်ရာပင်လယ်ရေကြောင်းကွန်ဗင်းရှင်း ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံမြို့တော်ကိုအစွဲပြု၍ ပေကျင်းကွန်ဗင်းရှင်းဟု အမည်ပေးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ (Xinhua)

…………………..
(English Version)
China has world’s most comprehensive maritime judicial system: report
BEIJING, Oct. 26 (Xinhua)
A report from China’s Supreme People’s Court shows that the country has developed the world’s most comprehensive maritime judicial system, with the largest number of cases and the widest range of case types.
The report on maritime trials by Chinese courts was submitted Sunday to a session of the Standing Committee of the 14th National People’s Congress (NPC), the top legislature, for review.
According to the report, China established its first group of maritime courts following a decision adopted by the NPC Standing Committee in November 1984. Over the past four decades, the country has set up 11 maritime courts with cross-regional jurisdiction and 42 detached tribunals.
The report notes that the number and scope of maritime cases have grown significantly during this period. Annual caseloads have surged from just 18 in 1984 to 34,400 in 2024. Case types have expanded from traditional maritime trade and shipping disputes to new areas such as marine resource development, environmental protection, port and terminal construction, and ocean-related cultural and tourism industries.
China has also played a key role in shaping international maritime law. The Beijing Convention on the Judicial Sale of Ships, initiated through China’s judicial practice, became the first international maritime convention adopted by the United Nations General Assembly to be named after a Chinese city, according to the report. ■
Photo:
This aerial drone photo taken on July 8, 2025 shows container ships entering Qingdao Port in Qingdao, east China’s Shandong Province. (Photo by Zhang Jingang/Xinhua)